ရီးရဲလ်အသင်း ၂၀၀၈ နောက်ပိုင်း

December 5, 2017

ရီးရဲလ်အသင်း ၂၀၀၈ နောက်ပိုင်း အဆိုးရွားဆုံး ရာသီအစ ဖြစ်နေ

လာလီဂါမှာ ရလဒ်တွေဆိုးရွားနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့ ၈ မှတ်ထိ ကွာဟနေပြီးတော့ ၂၀၀၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရာသီအစဖြစ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါမှာ ၁၄ ပွဲကစားပြီး ၈ ပွဲနိုင် ၄ ပွဲသရေ ၂ ပွဲရှုံးပြီး ဂိုးကွာခြားက ၁၄ ဂိုးသာ ရှိသေးပါတယ်။ တိုက်စစ်မှူး မိုရာတာကို ရောင်းထုတ်ပြီးနောက် ရော်နယ်ဒို၊ ဘင်ဇီမာတို့ အဓိကဦးဆောင်တဲ့ တိုက်စစ်ဟာလည်း ဂိုးပေါက်ပျောက်နေသလို ကွင်းလယ်ကစားသမား အစ္စကိုနဲ့ အယ်ဆန်စီယိုကသာ ၄ ဂိုးထိ သွင်းယူပြီး ရော်နယ်ဒိုက ၂ ဂိုး၊ ဘင်ဇီမာက ၂ ဂိုးသာ သွင်းယူနိုင်ပါသေးတယ်။ လာမယ့် ဒီဇင်ဘာ ၂၃ ရက်နေ့ ယှဉ်ပြိုင်ကစားမယ့် ဘာစီလိုနာနဲ့ ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ မဖြစ်မနေ ရလဒ်ကောင်းရရှိဖို့ လိုအပ်နေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းသာ အနိုင်ရရှိမယ်ဆိုရင် ဘာစီလိုနာအသင်းနဲ့ ၅ မှတ်သာ ကွာဟတော့မှာ ဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ၁၁ မှတ်ထိ ကွာဟသွားခဲ့မှာပဲ ဖြစ်ပါတယ်။
3 years Ago
Up