ရီးရဲလ်မက်ဒရစ် အနိုင်ဖြင့် ဘောလုံးရာသီကို အဆုံးသတ်

June 10, 2015

ရီးရဲလ်ကစားသမား ခီဒီရာကို ဂျူဗင်တပ် ခေါ်ယူ

အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းက ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား ဆာမီ ခီဒီရာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်လိုက်ပါတယ်။ ဂျာမနီလက်ရွေးစင် ကွင်းလယ်သမား ခီဒီရာဟာ လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ ဂျူဗင်တပ်အသင်းကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ခီဒီရာဟာ ဂျူဗီနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူထားပါတယ်။ ခီဒီရာဟာ ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာနဲ့ ရုန်းကန်ခဲ့ရပြီး ရီးရဲလ်မက်ဒရစ်အတွက် ၁၇ ပွဲပဲ ပါဝင်ကစားခွင့် ရထားပါတယ်။ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ မန်ယူ၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ပါဝင်နေပါတယ်။ ခီဒီရာဟာ ဂျာမနီအသင်းအတွက် ၅၄ ပွဲ ကစားပေးထားတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။ ဂျုဗင်တပ်အသင်းဟာ ဒီနှစ်ရာသီမှာ စီးရီးအေ ချန်ပီယံဆုကို ၄ နှစ်ဆက်တိုက် ရရှိထားပြီး ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။
6 years Ago

June 7, 2015

လာမည့်ရာသီ အသင်းတွင်ဆက်နေမည်ဟု ဘေးလ်ပြော

ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂါရတ် ဘေးလ်က လာမယ့် ဘောလုံးရာသီမှာလည်း အသင်းမှာပဲ ဆက်နေမယ်လို့  ပြောဆိုလိုက်ပါတယ်။ တိုက်စစ်မှူး ဘေးလ်ဟာ ရီးရဲလ်မှာ ကစားတဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ ရီးရဲလ် ပရိသတ်တွေနဲ့ စပိန် မီဒီယာတွေရဲ့ ဝေဖန်ခြင်း ခံခဲ့ရပြီး မတည်မငြိမ် ဖြစ်ခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဝေးလ် တိုက်စစ်မှူးအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ အသက် ၂၅ နှစ်အရွယ် ဘေးလ်ကတော့ ဘာနေဗျုးကလပ်မှာ ဆက်နေဖို့ ဆုံးဖြတ်ထားပြီး ရီရဲလ်ကို ဥရောပ ချန်ပီယံလိဂ်ဖလား နောက်တကြိမ် ထပ်ရအောင် ကူညီဖို့ မျှော်လင့်ထားပါတယ်။ ၂၀၁၄ ဘောလုံးရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတုန်းက ဘေးလ်က ရီးရဲလ်ကို ချန်ပီယံဖြစ်အောင် အနိုင်ဂိုးတဂိုး သွင်းပေးခဲ့ပါတယ်။ ရီရဲလ်အသင်းဟာ ဒီနှစ်ရာသီမှာ ဖလားလက်မဲ့ ရာသီကို ဖြတ်သန်းခဲ့ရပြီး နည်းပြ အန်စလော့တီလည်း အထုတ်ခံထား ရပါတယ်။ ဘေးလ်ဟာ တော့တင်ဟမ်ကနေ ၂၀၁၃ မှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းကျော်နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
6 years Ago
Up