ရီးရဲလ်မက်ဒရစ်တွင် ဆက်ရှိမည်ဟု တိုက်စစ်မှူး ဘေးလ် ပြော

June 5, 2017

ရီးရဲလ်မက်ဒရစ်တွင် ဆက်ရှိမည်ဟု တိုက်စစ်မှူး ဘေးလ် ပြော

ဝေးလ်တိုက်စစ်မှူး ဂါးရတ်ဘေးလ်က သူ့အနာဂတ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ရှိနေမယ်လို့ ပြောပါတယ်။ တိုက်စစ်မှူး ဘေးလ်ဟာ ရီးရဲလ်က ဂျူဗင်တပ်ကို အနိုင်ရတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၇၇ မိနစ်ကျမှ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး ဘေးလ်ဟာ ရီးရဲလ်အသင်းနဲ့ ၂၀၂၂ အထိ စာချုပ် ချုပ်ဆိုထားပါတယ်။ အသင်းက ဆုဖလားတွေ အများကြီးရထားသလို မိသားစုကလည်း ဒီမှာ ပျော်ရွှင်နေတယ်လို့ ဘေးလ်က ပြောပါတယ်။ သူဟာ တော့တင်ဟမ်ဟော့စပါးစ်အသင်းကနေ ၂၀၁၃ မှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာတာပါ။ ဘေးလ်ဟာ ဒီနှစ်ရာသီထဲမှာ ဒဏ်ရာကြောင့် အသင်းမှာ ပုံမှန် ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။
4 years Ago
Up