ရီးရဲလ်မက်ဒရစ်က နာပိုလီကို ၃ ဂိုး ၁ ဂိုးဖြင့် နိုင်

February 16, 2017

ရီးရဲလ်မက်ဒရစ်က နာပိုလီကို ၃ ဂိုး ၁ ဂိုးဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၁၅ ရက်ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်က အိမ်ကွင်းမှာ အီတလီစီးရီးအေကလပ် နာပိုလီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ရီးရဲလ်မှာ ဒဏ်ရာရထားတဲ့ ဘေးလ် မပါဝင်နိုင်ပေမယ့် ရော်နယ်ဒို၊ ဘန်ဇီမာ၊ တိုနီခရူးစ်၊ ကပ်စ်မဲရိုး၊ မိုဒရစ်၊ မာဆယ်လို၊ ရာမို့စ် စတဲ့ အဓိကကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ ဒီပွဲအတွက် အဖွင့်ဂိုးကိုတော့ နာပိုလီက ရသွားတာဖြစ်ပြီး ပွဲအစ ၈ မိနစ်မှာပဲ အင်ဆစ်ဂ်နီက သွင်းယူပေးခဲ့တာပါ။ ဒီပွဲမှာ နှစ်ဘက် ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်း ရှိခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ရီးရဲလ်မက်ဒရစ်က အပြတ် အသာစီးရခဲ့ပါတယ်။ ရီးရဲလ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ၁၈ မိနစ်မှာ ဘန်ဇီမာ၊ ၄၉ မိနစ်မှာ တိုနီခရူးစ်နဲ့ ၅၄ မိနစ်မှာ ကပ်စ်မဲရိုးတို့က သွင်းယူပေးခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် မတ်လ ၈ ရက်နေ့ကျရင် နာပိုလီကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
4 years Ago
Up