ဇန်န၀ါရီ ၄ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်ကိုပါဒယ်ရေဖလား ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဆီဗီလာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်လို့ ရီးရဲလ်ဟာ ၃၈ ပွဲအထိ ရှုံးပွဲ မရှိသေးတဲ့ စံချိန်ကို ဆက်ထိမ်းနိုင်ခဲ့ပါတယ်။
ရီးရဲလ်ဟာ ကစားထားတဲ့ ၃၈ ပွဲမှာ ၂၉ ပွဲအထိ အနိုင်ရထားပါတာယ်။ အနိုင်ဂိုးတွေကို ရော်ဒီဂွတ်ဇ်က ၂ ဂိုးနဲ့ ဗာရာနီက ၁ ဂိုး အသီးသီး သွင်းယူပါတယ်။
ဒီပွဲမှာ ရီးရဲလ်က တိုက်စစ်မှူးစီရော်နယ်ဒို အပါအ၀င် အဓိက ကစားသမားတချို့ကို ထုတ်မသုံးဘဲ အနားပေးထားပါတယ်။
ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု သိပ်မကွာသလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း အပြန်အလှန် ရခဲ့ပါတယ်။
ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်ကို ဆီဗီလာက အိမ်ကွင်းမှာ ပြန်လည် ဧည့်ခံရမှာ ဖြစ်ပါတယ်။
6 years Ago