တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ရီးရဲလ်ဘီတစ်စ်ကို အနိုင်ရတဲ့ပွဲမှာ ဘာစီလိုနာအတွက် ပွဲပေါင်း ၅၀၀ ပြည့်ခဲ့သလို ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဘာစီလိုနာက အိမ်ကွင်းမှာ ရီးရဲလ်ဘီတစ်စ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ဒီဇင်ဘာ ၃၀ ရက် ည စပိန်လာလီဂါပွဲစဉ်မှာ မက်ဆီအတွက် ပွဲပေါင်း ၅၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။
ဘာကာအတွက် အနိုင်ဂိုးတွေကို မက်ဆီက ၁ ဂိုး၊ တိုက်စစ်မှူး ဆွာရက်က ၂ ဂိုးနဲ့ တဘက်ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရခဲ့တာပါ။
အခုပွဲစဉ်မှာ ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။
ဒီပွဲအနိုင်ရလို့ ဘာစီလိုနာက ၃၈ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်ဦးဆောင်နေပြီး တတိယနေရက ရီးရဲလ်မက်ဒရစ်ကို ၂ မှတ် ဆက်လက် ဖြတ်ထားနိုင်ပါတယ်။
7 years Ago