ရီးရဲလ်နည်းပြဟောင်း

March 3, 2019

တိုနီခရူးစ်ကို လယ်ထွန်စက်ဟု ရီးရဲလ်နည်းပြဟောင်း ဝေဖန်

ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြဟောင်း ဘင်ရှူးစတားက အသင်းရဲ့ကွင်းလယ်ကစားသမား တိုနီခရူးစ်ကို လယ်ထွန်စက်လို့ သုံးနှုန်းပြီး ဝေဖန်လိုက်ပါတယ်။ တိုနီခရူးစ်ဟာ ပြီးခဲ့တဲ့ ကိုပါဒယ်ရေး ဒုတိယအကျော့ပွဲစဉ်မှာ ခြေစွမ်းပိုင်းပုံမှန်အောက်ကို ရောက်ရှိပြီး ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ဟာ အခုအချိန်မှာ ဂျီရိုနာအသင်းကိုတောင် မယှဉ်နိုင်ကြောင်း တိုနီခရူးစ်ဟာလည်း လယ်ထွန်စက်ဖြစ်နေပြီလို့ဆိုပါတယ်။ ဒါ့အပြင် အသင်းရဲ့ သမိုင်းဝင်ဂိုးသွင်းစက် ရော်နယ်ဒိုကို ဂျူဗင်တပ်စ်အသင်းထံ ပြောင်းရွှေ့ခွင့် မပေးခဲ့သင့်ဘူးလို့ ဝေဖန်လိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ရော်နယ်ဒို၊ နည်းပြဇီဒန်းတို့ ထွက်ခွာသွားပြီးနောက် ရလဒ်တွေဆိုးရွားနေပြီး ပြီးခဲ့တဲ့ရာသီ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရ မိုဒရစ်နဲ့ အားထားရတဲ့ တိုက်စစ်မှူး ဘန်ဇီမာ၊ ဂါရက်ဘေးလ်တို့လည်း ခြေစွမ်းပြနိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။ အမှတ်ပေးဇယား အဆင့် ၃ နေရာထိ ရောက်ရှိနေပြီးတော့ ထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့ ၉ မှတ်ထိ ကွာဟနေပါတယ်။
2 years Ago
Up