ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဖီဖာ အကောင်းဆုံးဘောလုံးသမားဆု ရရှိ

November 30, 2017

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ကစားသမား ၃ ဦး ခေါ်ယူပေးရန် တောင်းဆို

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမား ၃ ဦး ခေါ်ယူပေးဖို့ အသင်းဥက္ကဋ္ဌဆီ တောင်းဆိုထားတယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုခေါ်ယူဖို့ ပြောဆိုထားတဲ့ ကစားသမား ၃ ဦးကတော့ ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟို၊ ပီအက်စ်ဂျီကပဲ ဗလင်စီယာမှာ အငှားသွားကစားနေတဲ့ ပေါ်တူဂီ တောင်ပံကစားသမား ဂူဒက်စ်နဲ့ ဘီလ်ဘာအိုဂိုးသမား ကီပါတို့ဖြစ်တယ်လို့ ဆိုပါတယ်။ စီရော်နယ်ဒိုအနေနဲ့ လာလီဂါပွဲစဉ် ၉ ပွဲမှာ ဂိုး ၂ ဂိုးပဲ ရတဲ့အပေါ်မှာ စိတ်ပျက်နေပြီး ဒီနှစ်ရာသီမစခင်က ကစားသမားကောင်းတွေဖြစ်တဲ့ မိုရာတာ၊ ဂျိမ်းစ်ရိုဒရီဂွက်၊ ပီပီတို့ကို ရောင်းထုတ်လိုက်တာနဲ့ ပတ်သက်ပြီးလည်း ကျေနပ်မှုမရှိဘူးလို့ သိရပါတယ်။ ရီးရဲလ်အသင်းအနေနဲ့ စီရော်နယ်ဒို တောင်းဆိုထားတဲ့ ၃ ဦးထဲမှာ ကီပါနဲ့ ဂူဒက်စ်တို့ကို ခေါ်ယူဖို့ အဆင်ပြေနိုင်ပေမယ့် ထိပ်တန်းအသင်းတွေ အလိုရှိနေတဲ့ ပီအက်စ်ဂျီနောက်ခံလူ မာကွင်ဟိုကို ခေါ်ယူဖို့တော့ အခက်တွေ့နိုင်တယ်လို့ သိရပါတယ်။
4 years Ago

February 6, 2017

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ၃၂ နှစ်ပြည့်မွေးနေ့ပွဲ သီးသန့်ကျင်းပ

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ သူ့ရဲ့ အသက် ၃၂ နှစ်ပြည့်မွေးနေ့ကို သူ့မိခင်၊ သားဖြစ်သူတို့နဲ့အတူ သီးသန့်ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်က မုန်တိုင်းရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆဲလ်တာဗီဂိုအသင်းနဲ့ ကစားမယ့်ပွဲ ရွှေ့ဆိုင်းခဲ့ရပါတယ်။ ပွဲရွှေ့ခဲ့လို့ အားလပ်နေခဲ့တဲ့ ရော်နယ်ဒိုဟာ မိသားစုနဲ့အတူ တိတ်ဆိတ်တဲ့ မွေးနေ့ပွဲလေး လုပ်ခဲ့တာပါ။ ပြီးတော့ သူ့ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ ဇိမ်ခံပစ္စည်းတွေနဲ့ ရိုက်ထားတဲ့ပုံကိုလည်း အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းထက် ၂ ပွဲ လျော့ကစား တမှတ်အသာ၊ တတိယနေရာက ဆီဗီလာအသင်းနဲ့ ၃ မှတ်အကွာ အနေအထားနဲ့ အမှတ်ပေးဇယားထိပ်က ဦးဆောင်နေပါတယ်။
5 years Ago
Up