ရီးရဲလ်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူရန် ချဲလ်ဆီး ပြင်ဆင်နေ

July 18, 2017

ရီးရဲလ်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူနိုင်ရန် အေစီမီလန် နီးစပ်ဟု သတင်းထွက်

အေစီမီလန်အသင်းဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ အီတလီသတင်းစာတွေမှာ ဖော်ပြနေပါတယ်။ အသက် ၂၄ နှစ်ရှိ စပိန်တိုက်စစ်မှူး မိုရာတာကို မန်ယူနဲ့ ချဲလ်ဆီးအသင်းတို့ကလည်း ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာတော့ အေစီမီလန်အသင်းက မိုရာတာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၆၁ သန်းနဲ့ အကြိုသဘောတူညီမှု ရရှိထားပြီလို့ ဆိုပါတယ်။ အေစီမီလန်အသင်းအနေနဲ့ ဒီနှစ်အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတွေဖြစ်တဲ့ မိုရာတာ၊ တိုရီနိုက ဘယ်လော့တီ၊ ဒေါ့မွန်က အူဘာမီယန်းတို့ထဲက တဦးကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ အသင်းစီအီးအို ဖက်ဆိုနီက ဝန်ခံထားပါတယ်။ ရီးရဲလ်တိုက်စစ်မှူး မိုရာတာဟာ အေစီမီလန်အသင်းရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဂျူဗင်တပ်အသင်းမှာလည်း ၂ ရာသီကြာကစားပြီး ခြေစွမ်းပြခဲ့ပါတယ်။ အီတလီကလပ် အေစီမီလန်အသင်းဟာ ဒီနှစ်အပြောင်းအရွှေ့မှာ ဂျူဗင်တပ်က ဘိုနူချီ၊ လေဗာကူဆင်က ကယ်ဟာနိုဂလူတို့ အပါအဝင် ကစားသမား ၉ ဦးအတွက် ပေါင် ၁၆၃ သန်းအထိ ငွေကြေးသုံးစွဲထားပါတယ်။
6 years Ago

July 11, 2017

ရီးရဲလ်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူရန် ချဲလ်ဆီး ပြင်ဆင်နေ

ချဲလ်ဆီးအသင်းဟာ လူကာကူကို လက်လွှတ်လိုက်ရတဲ့အတွက် စပိန်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ မိုရာတာအတွက် ရီးရဲလ်မက်ဒရစ်အသင်းထံ ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ စပိန်သတင်းစာ AS ကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းစာက ဖော်ပြပါတယ်။ ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူး ဒီယေဂိုကော်စတာနဲ့လည်း အဆင်မပြေဖြစ်နေပြီး ရာသီကြို လေ့ကျင့်ရေးခရီးစဉ်မှာ ကော်စတာကို လိုက်ပါလေ့ကျင့်စေခြင်းမရှိဘဲ နားရက်ဆက်ပေးထားတာပါ။ ဒီလိုအခြေအနေတွေကြောင့် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ကြိုးပမ်းလာတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး မိုရာတာကို ပုံမှန်ပွဲထွက်ခွင့် မပေးနိုင်တာကြောင့် ပေါင်သန်း ၈၀ လောက် ရမယ်ဆိုရင် ရောင်းချသွားဖို့ ပြင်ဆင်ထားပေမယ့် နောက်ထပ်တိုက်စစ်မှူးသစ် ရောက်မလာဘဲ ရောင်းချမှာမဟုတ်ဘူးလို့ သိရပါတယ်။ ချဲလ်ဆီးနည်းပြ ကွန်တီဟာ မိုရာတာကိုခေါ်ယူဖို့ အဆင်မပြေသေးပေမယ့်  ရိုးမားအသင်းရဲ့ ဂျာမနီနောက်ခံလူ ရူဒီဂါကိုတော့ ပေါင် ၃၁ သန်းနဲ့ အပြီးသတ် ခေါ်ယူထားပါတယ်။
6 years Ago
Up