ရီးရဲလ်တိုက်စစ်

A d v e r t i s e m e n t With Us

June 8, 2019

ရီးရဲလ်တိုက်စစ် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်လာနိုင်ဟု သုံးသပ်

လူကာဂျိုဗစ်အပြင် အီဒင်ဟာဇက်ကိုပါ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် လာမယ့်ရာသီ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ဟာ ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်လာဖို့ ရှိနေတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ အီဒင်ဟာဇက်ကို ကနီဦးပြောင်းရွှေ့ကြေး ၈၈ သန်းအပါအဝင် စုစုပေါင်း ပေါင်သန်း ၁၅၀ နဲ့ ခေါ်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လုပ်ခလစာအဖြစ်လည်း တပတ်လုပ်ခ ပေါင် ၄ သိန်းအထိ ပေးချေရဖို့ရှိနေပါတယ်။ ချဲလ်ဆီးအသင်းမှာ ၃၅၂ ပွဲကစားပြီး ၁၁၀ ဂိုးသွင်းယူခဲ့သလို ပရီးမီးယားလိဂ် ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ယူရိုပါလိဂ် ၂ ကြိမ်၊ လိဂ်ဖလားတကြိမ်ရရှိခဲ့တဲ့ ဟာဇက်အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ သမိုင်းတလျှောက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ လက်တလောမှာလည်း ဇီဒန်းအနေနဲ့ ကစားသမားခေါ်ယူတာကို ရပ်တန့်မှာ မဟုတ်သေးဘူးလို့ သိရပြီး စပါးအသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားတဲ့ အဲရစ်ခ်ဆင်ကိုလည်း ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။
2 years Ago
Up