ရီးရဲလ်ဆိုဆီဒက် ၀- ၂ လာစ့် ပါးမက်စ်

November 7, 2015

ရီးရဲလ်ဆိုဆီဒက် ၀- ၂ လာစ့် ပါးမက်စ် (ရုပ်သံ)

နိုဝင်ဘာ ၆ ရက် စပိန်လာလီဂါ ရီးရဲလ် ဆိုဆီဒက်က လာစ့်ပါးမက်စ်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ ပထမပိုင်း ၂၈ မိနစ်မှာ လာစ့်ပါးမက်စ်အသင်းက ဂျိုနသန် ဗီအဲရာက အဖွင့်ဂိုးသွင်းယူပါတယ်။ ဒုတိယပိုင်း ၅၁ မိနစ်မှာတော့ ပါးမက်စ်အသင်းက အနိုင်ကို သေချာစေတဲ့ ဒုတိယဂိုး ထပ်မံသွင်းယူသွားပါတယ်။ ဒီပွဲမှာ လာစ်ပါးမက်စ်အသင်းက ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးသွင်းခွင့်တွေ ပိုမို အသာစီးရယူ ကစားသွားနိုင်ပါတယ်။ ဒီအရှုံးဟာ ဆိုဆီဒက်အတွက် ၁၁ ပွဲကစား ၆ ပွဲမြောက် အရှုံး ဖြစ်သလို အမှတ်ပေးဇယားမှာ တန်းဆင်းဇုံအထက်မှာ ရောက်ရှိလာတဲ့ အတွက် နည်းပြ ဒေးဗစ် မိုးရက်စ်အပေါ် ဖိအားတွေ တိုးမြင့်လာပါတယ်။ လာလီဂါ အမှတ်ပေးဇယားမှာတော့ ဆိုဆီဒက်က အဆင့် ၁၆ နဲ့ လာစ်ပါးမက်စ်က အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ လာမယ့်ပွဲစဉ်တွေမှာတော့ ဆိုဆီဒက်ဟာ ဆီဗီးလား၊ ဘာစီလိုနာ အသင်းတွေနဲ့ ကစားရာမှာ ဖြစ်ပါတယ်။
6 years Ago
Up