ရီးရဲလ်စိတ်ဝင်စားနေ

A d v e r t i s e m e n t With Us

November 13, 2016

ကော်တင်ဟိုကို ခေါ်ယူရန် ရီးရဲလ် စိတ်ဝင်စားနေ

လီဗာပူးလ်ရဲ့ အသက် ၂၄ နှစ်အရွယ် ကွင်းလယ် တိုက်စစ်မှူး   ကော်တင်ဟိုကို  ခေါ်ဖို့ နည်းပြ ဇီဒန်း စိတ်ဝင်စားနေတယ်လို့ ရီးရဲလ်ရဲ့ ဘောလုံးသံတမန် ရော်ဘက်တိုကားလို့စ်ကပြောပါတယ်။ ကော်တင်ဟိုရဲ့  အရည်အချင်းကို အရမ်းသဘောကျနေပြီး ကလပ်ရဲ့ ဥက္ကဋ္ဌကိုလည်း ကော်တင်ဟိုဟာ သူပထမဦးစားပေး ခေါ်ယူချင်နေတဲ့သူမျိုးလို့ ပြောခဲ့တယ်လို့ ဘရာဇီးလ်နဲ့ ရီးရဲလ်အသင်းတွေရဲ့  ကစားသမားဟောင်းကြီး ကားလို့စ်က ပြောပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ကော်တင်ဟိုဟာ ပယ်နယ်တီစည်းထိပ်က တိကျတဲ့ အဝေးကန်ချက်တွေနဲ့ ဂိုးယူလေ့ရှိပြီး နိုင်ငံအသင်းမှာရော လီဗာပူးမှာပါ ခြေစွမ်းပြနေသူဖြစ်ပါတယ်။ ကော်တင်ဟိုဟာ ၂၀၁၃ က အင်တာမီလန်ကနေ ပေါင် ၈သန်းခွဲနဲ့ လီဗာပူးကိုပြောင်းရွှေ့လာသူဖြစ်ပါတယ်။ နိုင်ငံအသင်းအတွက် ၂၂ ပွဲကစား ၆ ဂိုး နဲ့ လီဗာပူးလ်အတွက် ပွဲပေါင်း ၁၁၀ ကျော် ကစားပေးထားပြီး ၂၆ ဂိုး သွင်းထားသူပါ။
4 years Ago
Up