ရီးရဲလ်ကို ၂-၁ ဂိုးဖြင့် အရှုံးပေးခဲ့ရသည့် ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

April 3, 2016

ရီးရဲလ်ကို ၂-၁ ဂိုးဖြင့် အရှုံးပေးခဲ့ရသည့် ဘာစီလိုနာ (ရုပ်သံဟိုက်လိုက်)

ဧပြီ ၂ ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ စပိန်လာလီဂါ ထိပ်သီးနှစ်သင်းတွေ့ဆုံပွဲမှာတော့ အိမ်ရှင်ဘာစီလိုနာကို ရီးရဲလ်မက်ဒရစ်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဒီပွဲမှာ ဂိုးတွေကို နှစ်သင်းလုံး ဒုတိယပိုင်းမှာမှ သွင်းယူခဲ့ကြတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအတွက် ဂိုးကိုတော့ ဒုတိယပိုင်း ၅၆ မိနစ်မှာ ဂျရက် ပီကေးက ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ဒုတိယပိုင်း ပွဲချိန် ၆၂ မိနစ်မှာ ဘင်ဇီမာက ၁ ဂိုးနဲ့ ရိုနယ်ဒိုက ၈၅ မိနစ်မှာ ၁ ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီပွဲရှုံးနိမ့်ခဲ့ပေမယ့် အမှတ်ပေးဇယားမှာ ၃၁ ပွဲကစား ရမှတ် ၇၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။ ရီးရဲလ်ကတော့ ၃၁ ပွဲကစား ရမှတ် ၆၉ မှတ်နဲ့ အမှတ်ပေးဇယား တတိယနေရာမှာ ရပ်တည်နေပါတယ်။
6 years Ago
Up