ဒီဇင်ဘာ ၇ ရက်ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် အုပ်စု အက်ဖ် ပွဲစဉ်မှာ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျာမန်ကလပ် ဒေါ့မွန်တို့ တဘက် ၂ ဂိုးစီ သရေကျသွားပြီး ဒေါ့မွန်က အုပ်စုပထမ၊ ရီးရဲလ်က အုပ်စုဒုတိယနေရာကနေ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။
ဒေါ့မွန်ဟာ ဒီပွဲကို အဝေးကွင်းမှာ ကစားရပေမယ့် လိုအပ်တဲ့ ချေပဂိုးတွေ ရယူပြီး အုပ်စု ပထမနေရာနဲ့ နောက်တဆင့်ကို တက်သွားတာပါ။
ပွဲချိန် ၂၈ မိနစ်နဲ့ ၅၃ မိနစ်တို့မှာ ဘန်ဇီမာက ရီးရဲလ်အတွက် ၂ ဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒေါ့မွန်အတွက် ချေပဂိုးတွေကိုတော့ မိနစ် ၆၁ မှာ အော်ဘာမီယန်း၊ ၈၉ မိနစ်မှာ မာကိုရူးစ်တို့က သွင်းယူပေးခဲ့ပါတယ်။
ဒီအုပ်စုကပဲ ပိုလန်ကလပ် လီဂီယာဝါဆောနဲ့ ပေါ်တူဂီကလပ် စပို့တင်းစီပီတို့ ပွဲစဉ်မှာတော့ လီဂီယာဝါဆောက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့သလို အုပ်စုတွင်း တတိယနေရာ ရပ်တည်နိုင်တဲ့အတွက် ယူရိုပါလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago