စပါးအသင်းကို ဆက်လက်အားပေးနေဆဲဖြစ်တယ်လို့ ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်က ပြောလိုက်ပါတယ်။
ဘေးလ်ဟာ ရီးယဲလ်အသင်းမှာ နည်းပြ ဇီဒန်းနဲ့ အဆင်မပြေဖြစ်နေပြီး ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။
ဂါရတ်ဘေးလ်ကို အသင်းဘက်က ရောင်းချလိုပေမယ့်လည်း တပတ် လုပ်ခ ပေါင် ၅ သိန်း ခန့်ရှိတဲ့ သူ့ရဲ့လုပ်ခကို ပေးချေနိုင်ခြင်းမရှိတာကြောင့် မက်ဒရစ်မှာပဲ ဆက်ရှိနေတာလို့သိရပါတယ်။
စပါးအသင်း ယှဉ်ပြိုင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဥရောပချန်ပီယံ လိဂ်ဗိုလ်လုပွဲစဉ်ကို စိတ်ဝင်တစား အားပေးခဲ့ပြီး ရှုံးနိမ့်ခဲ့ပေမယ့်လည်း ကြီးမားတဲ့ အဆင့်တစ်ခု ကိုရောက်ရှိခဲ့တာဖြစ်တယ်လို့ ဂါရတ်ဘေးလ်က ချီးကျူးခဲ့ပါတယ်။
အထူးသဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ် ဖြစ်တဲ့ အေဂျက်ဇ်အသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြ နိုင်ခဲ့တယ်လို့ ဘေးလ်ကချီးကျူးပါတယ်။
ဂါရတ်ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က စပါးအသင်းကနေ ထွက်ခွာခဲ့သူဖြစ်ပြီး တကျော့ပြန် ရောက်ရှိလာမယ့် သတင်းတွေလည်းထွက်ခဲ့ဖူးပါတယ်။
11 months Ago