ရီးဒွေးကျေးရွာ

May 23, 2021

ကန့်ဘလူမြို့နယ် ရီးဒွေးကျေးရွာ၌ စစ်ကောင်စီတပ်က တပ်စွဲ

ကန့်ဘလူမြို့နယ် ရီးဒွေးကျေးရွာကို စစ်တပ်က ၄ ကြိမ်လာရောက် အကြမ်းဖက်ပြီးနောက် မေ ၂၂ ရက်ကစပြီး တပ်စွဲထားတယ်လို့ သိရပါတယ်။ 

ရွာက တက်ကြွလှုပ်ရှားသူတွေဟာ စစ်တပ်ရဲ့ အကြိမ်ကြိမ် လုယူသောင်းကျန်းမှုတွေကြောင့် ရွာမှာ မနေနိုင်ကြတော့ဘဲ မိမိ နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးနေကြရပြီ ဖြစ်ပါတယ်။

ရွာမှာ လူဦးရေ ၆ ပုံ ၁ ပုံသာ ကျန်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်သားတွေက ရွာသားတွေကို စစ်ဝတ်စုံဝတ်ခိုင်းပြီး ရွာပေါက်တွေမှာ ကင်းချထားတယ်လို့ သိရပါတယ်။ 

နေအိမ်ပိုင်ဆိုင်မှုတွေ စွန့်ခွာပြေးကြရတာကြောင့် ရွာသားတွေရဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ရွာမှာ ကျန်နေခဲ့ပြီး အစာရေစာ ပြတ်လပ်ကာ ဒီကနေ့မှာတင် နွား ၂၅ ကောင်၊ ဝက် ၈ ကောင် သေဆုံးသွားပြီဖြစ်ပါတယ်။ 

ကျန်နေသေးတဲ့ နွားတွေ၊ ဝက်တွေဟာလည်း  အားအင်ပြတ်လပ်ကာ သေခါနီးဖြစ်နေပြီလို့ သိရပါတယ်။ 

အဲဒီလို သေသွားတဲ့ နွားတွေနဲ့ သေအံ့ဆဲဆဲနွားတွေကို စစ်ကောင်စီတပ်သားတွေက စားသောက်နေကြတာပါ။ 

မေ ၂၁ က အကြမ်းဖက်အဖမ်းခံလိုက်ရတဲ့ ရီးဒွေးရွာသား ၄ ဦးထဲက မိပြုံး၊ မချောတင်နဲ့ မသန်းဝင်းတို့ဟာ အာမခံနဲ့ပြန်လွတ်လာပြီဖြစ်ပြီး ကိုကျော်တင့်ကတော့ လက်ရှိအချုပ်ထဲမှာ နှိပ်စက်ခံနေရကာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲခံထားရပါတယ်။

7 months Ago
Up