ရီးဒင်း ၃-၁ ၀က်စ်ဘရွန်း၊ ၀က်ဖို့ဒ် ၁-၀ လိဒ်ယူနိုက်တက် (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

February 21, 2016

ရီးဒင်း ၃-၁ ၀က်စ်ဘရွန်း၊ ၀က်ဖို့ဒ် ၁-၀ လိဒ်ယူနိုက်တက် (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၂၀ ရက်နေ့ည ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်တွေမှာ ရီဒင်းနဲ့ ၀က်ဖို့ဒ်တို့ အနိုင်ရသွားပါတယ်။ ချန်ပီယံရှစ်တန်းက ရီဒင်းက ၀က်စ်ဘရွန်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ၀က်စ်ဘရွန်းအသင်းက ၅၄ မိနစ်မှာ ဖလက်ချာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ပေမယ့် ၅၉ မိနစ်မှာ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ရီဒင်းအတွက် အနိုင်ဂိုးတွေကို ၇၂ မိနစ် ၉၄ မိနစ်မှာ သွင်းယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက် သွားပါတယ်။ ၀က်ဖို့ဒ်ကတော့ အိမ်ကွင်းမှာ လိဒ်ယူနိုက်တက်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ၀က်ဖို့ဒ်အတွက် အနိုင်ဂိုးကို ၅၃ မိနစ်မှာ တဖက်လူ ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ရသွားတာပါ။ ၀က်ဖို့ဒ်က အိမ်ကွင်းမှာ တဖက်သတ် ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ကန်သွင်းခွင့်လည်း ပိုရခဲ့ပါတယ်။ ဒီပွဲနိုင်လို့ ၀က်ဖို့ဒ်ဟာ ၂၀၀၇ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
5 years Ago
Up