ရီရှီဆူနတ်

February 14, 2020

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ရုတ်တရက်နုတ်ထွက်

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်ဟာ ဖေဖော်ဝါရီ ၁၃ ရက်က ရာထူးကနေ ရုတ်တရက် နုတ်ထွက်ခဲ့တာကြောင့် သူ့နေရာမှာ ရီရှီဆူနတ်ကို အစားထိုးလိုက်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ရုတ်တရက် နုတ်ထွက်သွားတာဟာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ အစိုးရအဖွဲ့အပြောင်းအလဲကို ထိခိုက်စေပြီး အစိုးရအဖွဲ့အပေါ် မေးခွန်းတွေ ပေါ်ထွက်ခဲ့ပါတယ်။  ဂျွန်ဆင်အစိုးရအဖွဲ့ဟာ လက်ရည်ကိုင်ရည်ရှိတဲ့ ဝန်ကြီးတွေကို ဆက်ထားလိုပေမယ့် ဝန်ကြီးဂျာဗစ် နုတ်ထွက်တာက  သူရဲ့အစီအစဉ်တွေကို ကသောင်းကနင်း ဖြစ်စေပါတယ်။  ဝန်ကြီး ဂျာဗစ်ဟာ သူရဲ့အကြံပေးတွေနဲ့ သဘောကွဲလွဲတာကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ နိုင်ငံရေးသတင်း အယ်ဒီတာတဦးက ပြောခဲ့ပါတယ်။  ဂျာဗစ်နုတ်ထွက်ပြီးနောက်မှာတော့ ဘဏ္ဍာရေးဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဖူးတဲ့  ရီရှီဆူနတ်ကို ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။  ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ အစိုးရအဖွဲ့ပေါ်မှာ သူ့လုပ်ပိုင်ခွင့် အားကောင်းစေမယ့် အပြောင်းအလဲကို လုပ်လိုခဲ့တာပါ။  ဘရက်ဇစ်အလွန် ဗြိတိန်အတွက် သူ့ရည်မှန်းချက်ကို ဖော်ဆောင်ပြီး ကွန်ဆာဗေးတစ်ပါတီနဲ့ ဗြိတိန်မှာ ဖြစ်နေတဲ့ ကွဲလွဲမှုတွေကို ကုစားဖို့ ဝန်ကြီးချုပ်ဂျွန်ဆင်က မျှော်လင့်ထားပါတယ်။   
2 years Ago
Up