ဘရာဇီးနိုင်ငံ ရီယိုမြို့မှာကျင်းပတဲ့ ကမ္ဘာ့မသန်စွမ်းအားကစားပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံသူ ကာဒီနာကော့ဇ်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မသန်စွမ်းပြိုင်ပွဲ တခုတည်းမှာ ဆုတံဆိပ် ၂ ခုရတဲ့ ပထမဆုံးသော ဗြိတိန် မသန်စွမ်းအားကစားသမား ဖြစ်လာခဲ့ပါတယ်။
သူမဟာ စက်ဘီးစီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုနဲ့ မီတာ ၁၀၀ အုပ်စုလိုက် ပြေးခုန်ပစ် အပါအ၀င် အားကစားတမျိုးအတွက် ကြေးတံဆိပ်တို့ ရခဲ့တာပါ။
ဗြိတိန်နိုင်ငံကပဲ မသန်စွမ်းအားကစားသမား အစ်စ်ဘယ်လာဘားက ၁၉၈၈ ခုနှစ် ဆိုးလ်မြို့မှာကျင်းပခဲ့တဲ့ ကမ္ဘာ့မသန်စွမ်း အားကစားပြိုင်ပွဲကြီးမှာ ကော့ဇ်လိုပဲ အုပ်စုလိုက် ပြေးခုန်ပစ် အပါအဝင် အားကစားနဲ့ သေနတ်ပစ်ပြိုင်ပွဲတွေအတွက် ဆုတံဆိပ် ၂ ခု ရရှိခဲ့ဖူးပါတယ်။
“ကျမ တကယ်ပဲ မယုံနိုင်ဘူး၊ အရမ်းလည်းပျော်တယ်၊ ကျမ ၁ နှစ်ခွဲလောက်ပဲ လေ့ကျင့်ခဲ့တာက ခုတော့ ကမ္ဘာ့ထိပ်ဆုံးကိုရောက်နေတာ အင်မတန် အံ့သြစရာကောင်းတယ်” လို့ ကော့ဇ်က ချန်နယ် ၄ ကို ပြောခဲ့ပါတယ်။
ကော့ဇ်ဟာ အသက် ၂၃ နှစ်အရွယ်မှာ လေဖြတ်ခဲ့ပြီး သူမခန္ဓာကိုယ်က တစ်သျှူးတွေ အင်္ဂါအစိတ်အပိုင်းတွေနဲ့ အထူးသဖြင့် သွေးကြောတွေကို မာကြောသွားစေတဲ့ Sclerosis လို့ခေါ်တဲ့ ရောဂါကို ခံစားခဲ့ရတာပါ။
ကော့ဇ်က “ကျမ အရမ်းကြိုးစားခဲ့ရတာ၊ မနေ့ကတည်းက ကျမရဲ့ခြေထောက်တွေလည်း အရမ်းနာကျင်ပင်ပန်းနေပြီး စိတ်ပိုင်းဆိုင်ရာ အရမ်းကို ပင်ပန်းခဲ့ရတယ်” လို့ ပြောပါတယ်။
ရီယိုမှာကျင်းပတဲ့ အားကစားပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံက ရွှေတံဆိပ် ၁၅ ဆု အပါအဝင် ဆုတံဆိပ်ပေါင်း ၃၅ ဆု ရရှိထားပါတယ်။
6 years Ago