ရီယိုဖာဒီနန်နဲ့ ဗန်ပါစီ

A d v e r t i s e m e n t With Us

January 2, 2020

ပေါ့ဘာဒဏ်ရာပြန်ရသည့်ကိစ္စ လျှို့ဝှက်ချက်ရှိနိုင်ဟု ဖာဒီနန်နှင့်ဗန်ပါစီ သုံးသပ်

ပေါ့ဘာဒဏ်ရာပြန်ရသွားတယ်ဆိုတာ ထူးဆန်းနေပြီး လျို့ဝှက်ချက် ရှိနိုင်တယ်လို့ ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ ရီယိုဖာဒီနန်နဲ့ ဗန်ပါစီတို့က ပြောပါတယ်။ ဖာဒီနန်နဲ့ ရော်ဘင်ဗန်ပါစီတို့ဟာ အာဆင်နယ်နဲ့ မန်ယူ ပြိုင်ကစားသွားခဲ့တဲ့ ပွဲစဉ်ကို BT Sports ကနေတဆင့် သုံးသပ်တင်ဆက်သွားခဲ့တာပါ။ မန်ယူနိုက်တက်အသင်းမှာ ကွင်းလယ်ကစားသမား ပေါ့ဘာ ဒဏ်ရာကြောင့် ပါဝင်လာခြင်းမရှိ တာက အနည်းငယ်ထူးဆန်းနေပြီး နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ ရှိနိုင်တယ်လို့ ဗန်ပါစီကသုံးသပ်ပါတယ်။ ပေါ့ဘာအနေနဲ့ အသင်းမှာ ဆက်ရှိနေချင်တာလား၊ အသင်းကနေ ထွက်ခွာချင်နေတာလား ဆိုတာလည်း မသိနိုင်ကြောင်း  ဗန်ပါစီက သုံးသပ်ခဲ့တာဖြစ်ပါတယ်။  ရီယိုဖာဒီနန်ကတော့ ပေါ့ဘာအနေနဲ့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ကြိုးဆွဲရာ ကနေမယ့်အစား ကိုယ်တိုင် ထုတ်ဖော်ဖွင့်ဟလိုက်ဖို့လည်း တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။  ပေါ့ဘာဟာ ဝက်ဖို့ဒ်၊ ဘန်လေအသင်းတွေနဲ့ပွဲတွေမှာ လူစားဝင်ကစားခဲ့ပေမယ့်  အာဆင်နယ်နဲ့ ပွဲမှာတော့ ဒဏ်ရာရဲ့နောက်ဆက်တွဲပြဿနာတွေကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့တာလို့ နည်းပြဆိုးလ်ရှားက ဆိုပါတယ်။
1 year Ago
Up