ရီမီ

December 31, 2015

ချဲလ်ဆီးတိုက်စစ်မှူး ရီမီကို ခေါ်ယူရန် ပစ်မှတ်ထားဟု အက်စတွန်ဗီလာ ပြော

ချဲလ်ဆီးတိုက်စစ်မှူး ရီမီကို လာမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့ဈေးကွက်မှာ အငှားနဲ့ခေါ်ဖို့ ပစ်မှတ်ထားနေတယ်လို့ အက်စတွန်ဗီလာအသင်း နည်းပြက ပြောလိုက်ပါတယ်။ တန်းဆင်းဇုန်ထဲမှာ ရုန်းကန်နေရတဲ့ အက်စတွန်ဗီလာအသင်းဟာ တိုက်စစ်မှာ အားဖြည့်ဖို့အတွက် ချဲလ်ဆီးတိုက်စစ်မှူးကို ခေါ်ယူချင်နေတာပါ။ "တိုက်စစ်မှူး ရီမီက ပရီးမီးယားလိဂ်အကြောင်းကို သိပါတယ်၊ သူက အသင်းအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်" လို့ အက်စတွန်ဗီလာနည်းပြ ဂါဒီက ပြောပါတယ်။ အသက် ၂၈ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး ရီမီဟာ ကျုပီအာအသင်းကနေ ပြီးခဲ့တဲ့နှစ်မှာ ပေါင် ၁၀ သန်းကျော်နဲ့ ချဲလ်ဆီးကို ရောက်ရှိလာတာပါ။ သူဟာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ပွဲထွက် ၁ ပွဲပဲ ကစားခွင့် ရထားပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၉ ပွဲ ကစားထားပြီး ရမှတ် ၈ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
6 years Ago
Up