မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်းနဲ့အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ တောင်ပံကစားသမား ရီဘစ်ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။
ဒါ့အပြင် တိုက်စစ်မှူး မာရှယ်ရဲ့ အခြေအနေပေါ် မူတည်ပြီးတော့ အိုင်ဗန်ပါရီဆစ်ကိုပါ ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
လက်ရှိ ဖရန့်ဖတ်အသင်းမှာ ကစားနေတဲ့ ရီဘစ်ကို အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ကလည်း စိတ်ဝင်စားနေပါတယ်။
ပါရီဆစ်ကတော့ ပြီးခဲ့တဲ့ရာသီကတည်းက မန်ချက်စတာယူနိုက်တက်အသင်း အနေနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ ရှက်တာဒိုးနက်အသင်းက ဘရာဇီးလက်ရွေးစင် ဖရက်ဒ် တဦးတည်းကိုသာ ခေါ်ယူထားတာ ဖြစ်ပါတယ်။
5 years Ago