ရီဗယ်လ်ဒို

A d v e r t i s e m e n t With Us

June 26, 2019

နေမာ ပီအက်စ်ဂျီမှ ထွက်ခွာသင့်ဟု ဘရာဇီး တိုက်စစ်မှူးဟောင်း ရီဗယ်လ်ဒို တိုက်တွန်း

နေမာအ​နေနဲ့ ပီအက်စ်ဂျီကနေ ထွက်ခွာသင့်​တယ်​လို့ ဘရာဇီး ဂန္ထဝင်တိုက်စစ်မှူးကြီး ရီဗယ်လ်ဒိုက တိုက်တွန်းခဲ့ပါတယ်။ နေမာဟာ ၂၀၁၇ ခုနှစ်က ပီအက်စ်ဂျီအသင်းကို ပေါင် ၁၉၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာ ခြေစွမ်းပြသနိုင်ပေမယ့် ဥရောပမှာတော့ အောင်မြင်မှု မရခဲ့သလို တခြား လူမူရေးပြဿနာတွေ၊ ဒဏ်ရာပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရတာပါ။ ​နေမာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့လိုက်တာဟာ ခဏတာအတွင်းမှာပဲ ဆုံးဖြတ်လိုက်တာကြောင့်ဖြစ်ပြီး မှားယွင်းတဲ့ပြောင်းရွှေ့မှု ဖြစ်ခဲ့တယ်လို့ ရီဗယ်လ်ဒိုက ဆိုပါတယ်။ ​နေမာအ​နေနဲ့ ဘာစီလိုနာကို ပြန်လာမယ်ဆိုရင် ကောင်းမွန်တဲ့ အခွင့်အရေးတခုဖြစ်ပြီး သူ့အတွက် ကောင်းမွန်တဲ့ အလားအလာတွေ ရှိလာနိုင်တယ်လို့ ရီဗယ်​လ်ဒိုက ​ပြောပါတယ်​။ နောက်ထပ်တရာသီ ထပ်စောင့်လို့ မရနိုင်ဘဲ အခုနှစ်​မှာပဲ အသင်း​ဟောင်းဆီကို ပြန်​သွားသင့်​တယ်လို့ ရီဗယ်လ်ဒိုက ပြောကြားသွားပါတယ်။
2 years Ago
Up