ဖလော်ရီဒါပြည်နယ်မှာ ဩဂုတ်လလုပ်မယ့် ရီပတ်ဘလီကန်ပါတီညီလာခံကို ပြည်နယ် တွင်း ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်မားနေတာကြောင့် မကျင်းပတော့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ပါတီညီလာခံဟာ လာမယ့်သမ္မတ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြုသမ္မတလောင်း အမည်စာရင်းကို လက်ခံဖို့ ရည်ရွယ်တာပါ။
ညီလာခံကျင်းပဖို့အချိန် ကောင်းမဟုတ်သေးဘူးလို့ ထရမ့်က အိမ်ဖြူတော်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
ညီလာခံကို မူလက မြောက်ကာရိုလိုင်းနားပြည်နယ် ရှားလော့မြို့မှာ ကျင်းပဖို့ စီစဉ်ထားရာ ကနေ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဒီလိုလူစုလူဝေးနဲ့ ပွဲကြီးမျိုး ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။
ဒါ့ကြောင့် ညီလာခံကို ဖလော်ရီဒါပြည်နယ် ဂျက်ဆင်ဗီးလ်မြို့မှာ ကျင်းပဖို့ ပြောင်းလဲ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
3 years Ago