ရီနာတိုဆန်းချက်ဇ်

April 19, 2018

ဆွမ်ဆီးကွင်းလယ်လူ ရီနာတိုဆန်းချက်ဇ် ပြန်ကစားနိုင်တော့မည်

ဆွမ်ဆီး ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်ဇ်ဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့အတွက် လက်ကျန်ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားလာရောက်ကစားနေတဲ့ ရီနာတိုဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြင်းထန်တဲ့ တံကောက်ကြောဒဏ်ရာ ရခဲ့တာကြောင့် အနားယူခဲ့ရတာပါ။ လက်ရှိအချိန်မှာ ဒဏ်ရာပြန်လည်သက်သာလာပြီ ဖြစ်ပေမယ့် သူ့ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ဆေးအဖွဲ့က နောက်ဆုံးစစ်ဆေးမှာဖြစ်ကာ လာမယ့်အပတ်ပွဲစဉ်မှာ ပွဲထွက်နိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ဆွမ်ဆီးအသင်းဟာ လာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးနဲ့ ကစားရမှာပါ။ ပွဲပြီးဆုံးဖို့ ၅ ပွဲအလိုမှာ ဆွမ်ဆီးအသင်းက တန်းဆင်းဇုန်နဲ့ ၅ မှတ်ဖြတ်ထားပြီး အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။ ပေါ်တူဂီကစားသမား ရီနာတိုဆန်းချက်ဇ်ဟာ အသင်းနဲ့အတူ ၁၅ ပွဲ ပါဝင်ကစားထားပါတယ်။
3 years Ago
Up