ရိုးရိုးလူနာဆောင်

A d v e r t i s e m e n t With Us

April 10, 2020

ဗြိတိန်ဝန်ကြီးချုပ် ကျန်းမာရေးသက်သာလာသည့်အတွက် ဝမ်းမြောက်ကြောင်း သမ္မတထရမ့်ပြော

ဆေးရုံတက်ရောက်ကုသနေတဲ့ ဗြိတိသျှဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ အထူးကြပ်မတ်ကုသဆောင်ကနေ ရိုးရိုးလူနာဆောင်ပြန်ပြောင်းပြီဖြစ်လို့ ဝမ်းသာမိတယ်လို့ အမေရိကန်သမ္မတထရမ့်အပါအဝင် ဗြိတိန်နိုင်ငံရေးသမားတွေက ပြောကြားခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ ဒါသတင်းကောင်းပဲလို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ဧပြီလ ၉ ရက်က ရေးခဲ့ပါတယ်။  ဝန်ကြီးချုပ်ဂျွန်ဆင်ဟာ ဆက်တိုက်ကိုယ်အပူချိန်မြင့်တာနဲ့ ချောင်းဆိုးတာတွေကြောင့် ဧပြီ ၆ ရက်ကတည်းက လန်ဒန်စိန့်သောမတ်ဆေးရုံ၊ အထူးကြပ်မတ်ကုသဆောင်မှာ သုံးရက် ဆက်တိုက် ကုသမှု ခံယူခဲ့ရတာပါ။  အတိုက်အခံခေါင်းဆောင် ကီယာစတမ်ကလည်း ဝန်ကြီးချုပ် အမြန်နာလန်ထလာဖို့ မျှော်လင့်တယ်လို့  ပြောခဲ့သလို ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့တ်ကလည်း ကျန်းမာရေး ဌာနဝန်ထမ်းတွေရဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် စောင့်ရှောက်မှုကို ဂျွန်ဆင်ရရှိမယ်လို့ ပြောခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေထဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးဆေးရုံတက်ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။
11 months Ago
Up