ရိုးရာလှေလှော်ပြိုင်ပွဲ

December 26, 2019

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ရေးမြို့တွင် ကျင်းပမည်

လွတ်လပ်ရေးနေ့အထိမ်းအမှတ်  မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို မွန်ပြည်နယ်၊ ရေးမြို့ ရှေးဟောင်းကျုံးတော်ကြီးမှာ  ၃ ရက်ကြာ ကျင်းပသွားဖို့ ရှိတယ်လို့ ကျင်းပရေးကော်မတီက ပြောပါတယ်။ ပြိုင်ပွဲမှာ ၇ ဦးလှော်လှေပြိုင်ပွဲ ဖြစ်ပြီး အခုဆိုရင် ပြိုင်ပွဲဝင် အသင်းသားတွေဟာ အဲဒီကျုံး ထဲမှာ စတင်လေ့ကျင့်နေကြပြီး ရပ်ကွက်နဲ့ကျေးရွာတွေက လှေအသင်းအားကစားသမားတွေ ပါဝင်မယ်လို့ သိရပါတယ်။ ပြိုင်ပွဲကိုတော့ ဇန်နဝါရီ ၂ ရက်ကနေ ၄ ရက်အထိ ကျင်းပမှဖြစ်ပြီး အရင်နှစ်က ချန်ပီယံဖလားကို ချောင်းတောင်ကျေးရွာအသင်းက ရရှိခဲ့ပါတယ်။ နေမျိုးထွဋ်
2 years Ago
Up