ရိုးရာလက်ဝှေ့ပွဲ

A d v e r t i s e m e n t With Us

June 12, 2020

WLC က ကမ္ဘောဒီးယား၊ ထိုင်း၊ ဂျပန်နှင့် အမေရိကန် နိုင်ငံတို့တွင် ရိုးရာလက်ဝှေ့ပွဲများ ကျင်းပမည်

၂၀၂၀-၂၀၂၁ ခုနှစ်အတွက် WLC (World Lethwei Championship) ပြိုင်ပွဲရဲ့ ပွဲစဉ်ဇယား​ တွေ ထုတ်ပြန်ကြေညာခဲ့ရာမှာ ပြည်ပက လေးနိုင်ငံမှာကျင်းပမယ့် ရိုးရာလက်ဝှေ့ ပွဲစဉ်တွေ လည်း ပါဝင်လာခဲ့ပါတယ်။ WLC အနေနဲ့ လာမယ့် စက်တင်ဘာ ၁၈ ရက်မှာ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့မှာ ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပဖို့ ယာယီသတ်မှတ်ထားပါတယ်။  အလားတူ ၂၀၂၁ ခုနှစ်ဇန်နဝါရီ ၈ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ၂၀၂၁ ခုနှစ် ဩဂုတ် ၆ ရက်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၅ ရက်မှာ အမေရိကန်နိုင်ငံက မြို့တမြို့ မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ပြည်ပမှာ ကျင်းပမယ့်ပြိုင်ပွဲတွေ ပထမဆုံးအကြိမ် ပါဝင်လာတဲ့ အပေါ်မှာ WLC ဥက္ကဋ္ဌ ဦးဇေသီဟက "၂၀၁၉ ခုနှစ်မှာ သမိုင်းဝင်အောင်မြင်မှုတွေ ရရှိခဲ့ပြီးနောက် WLC ဟာ မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှုအမြန်ဆုံးအားကစားဖြစ်အောင် အောင်အောင်မြင်မြင်ကြိုးပမ်းနိုင်ခဲ့ပါတယ်။ လာမယ့်လက်ဝှေ့ရာသီမှာလည်း လက်ဝှေ့ကို ကမ္ဘာပေါ်မှာ ပိုကျော်ကြားလာအောင် ဆက်အားထုတ်သွားမှာပါ။ ကမ္ဘောဒီးယား၊ ထိုင်း၊ ဂျပန်နဲ့ အမေရိကားတို့မှာ WLC ရဲ့ ရုပ်သံနဲ့ တခြားပါတနာတွေနဲ့အတူ ကမ္ဘာ့အဆင့်လက်ဝှေ့ပွဲတွေ စီစဉ်ကျင်းပသွားပါမယ်" လို့ပြောပါတယ်။ ပြည်ပမှာ ကျင်းပမယ့် ပြိုင်ပွဲ ၄ ပွဲနဲ့အတူ ပြည်တွင်းကမြို့တွေမှာလည်း ပွဲစဉ် ၅ ပွဲ ကျင်းပဖို့ရှိပါတယ်။  အခုနှစ် ဩဂုတ် ၇ ရက်က ရန်ကုန်မြို့မှာ ၁ ပွဲ ကျင်းပမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှာ မန္တလေးမြို့၊ မတ် ၁၂ ရက်မှာ ရန်ကုန်မြို့၊ မေ ၁ ရက်မှာ ဘားအံမြို့၊ ဒီဇင်ဘာ ၃ ရက် မန္တလေးမြို့တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
9 months Ago
Up