ရိုမန် အီဗရာမိုဗစ်

A d v e r t i s e m e n t With Us

June 4, 2020

ချဲလ်ဆီးအသင်း ငွေအမြာက်အမြားသုံးပြီး နာမည်ကြီး ကစားသမား ၂ ဦး ခေါ်ယူမည်

ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အီဗရာမိုဗစ်ဟာ ဒီနွေရာသီအပြောင်းအရွေ့မှာ ငွေကြေးအမြောက်အမြား သုံးစွဲကာ ကစားသမားသစ်နှစ်ဦးခေါ်ယူဖို့အတွက် နည်းပြလမ်းပတ်ကို ခွင့်ပြုပေးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။  ချဲလ်ဆီးအသင်းဟာ အေဂျက်ဇ်အသင်းရဲ့တောင်ပံကစားသမား ဟာကမ်ဇီယတ်ကို ပေါင် ၃၆ ဒသမ ၆ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး ကစားသမားဟာ နောက်အပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းကို လာရောက်ပူးပေါင်းတော့မှာဖြစ်ပါတယ်။  ဒါပေမဲ့ ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ အသင်းလူစာရင်းကို ထပ်မံအင်အားဖြည့်တင်းဖို့ စီစဉ်ထားပြီး လက်စတာအသင်းရဲ့ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ဟာ အသင်းရဲ့ဦးစားပေး ပစ်မှတ်ဖြစ်တယ်လို့ The Athletic သတင်းမှာ ရေးသားထားပါတယ်။  ဒါ့အပြင် ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်စာရင်းမှာ လေဗာကူဆင်ကွင်းလယ်လူ ကိုင်ဟားဗတ်ဇ်၊ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချို၊ လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီနဲ့ လိုက်ပစ်ဇ်တိုက်စစ်မှူး တီမိုဗာနာတို့ ပါဝင်နေပါတယ်။  ဒီသတင်းအရ အီဗရာမိုဗစ်ဟာ လမ်းပတ်ဖော်ဆောင်မယ့် ချဲလ်ဆီးအသင်းရဲ့ အနာဂတ်အပေါ် အရမ်းစိတ်ဝင်စားနေပြီး သူ့အတွက် ငွေအမြောက်အမြားသုံးကာ ကစားသမားခေါ်ယူမှု နှစ်ခုပြုလုပ်သွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။  ချဲလ်ဆီးအသင်းဟာ ဘယ်နောက်ခံလူနေရာအတွက် ပေါ်တိုအသင်းရဲ့ အဲလက် တဲလ်လက်စ်၊ အေဂျက်ဇ်အသင်ရဲ့ နီးကိုးစ်တက်လီယာဖီကိုတို့ကိုလည်း စောင့်ကြည့်နေပေမယ့် ချီဝဲလ်ဟာ လမ်းပတ်ရဲ့နံပါတ်တစ်ပစ်မှတ်ဖြစ်ပါတယ်။  ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို အငှားနဲ့ ခေါ်ယူမယ်လို့လည်း သတင်းတွေ ထွက်ပေါ်ထားဖူးပြီး တရာသီအငှားအတွက် ပေါင် ၁၀ သန်းအပြင် ကစားသမားရဲ့လစာကိုပါပေးချေရမယ့် ဘာကာရဲ့တောင်းဆိုမှုကြောင့် ဒီအပြောင်းအရွှေ့ဟာ ပေါ်ပေါက်လာနိုင်ဖို့ နည်းပါးပါတယ်။  ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ အသင်းရဲ့ လက်ရှိလူစာရင်းအပေါ် ကျေနပ်အားရမှုရှိပေမယ့် ဖြစ်နိုင်မယ်ဆိုရင် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ချင်တယ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုထားသူ ဖြစ်ပါတယ်။ 
9 months Ago
Up