ရိုဗာနေးမီမြို့

September 28, 2020

ဖင်လန်နိုင်ငံ ရိုဗာနေးမီမြို့က ဥတ္တရအလင်းတန်းများ

ဖင်လန်နိုင်ငံ လက်ပ်လန်းဒေသ ရိုဗာနေးမီမြို့မှာ စက်တင်ဘာ ၂၅ နဲ့ ၂၆ ရက်တွေမှာ ဥတ္တရအလင်းတန်းလို့ ခေါ်တဲ့ အာတိတ်စက်ဝိုင်း သံလိုက်ရောင်စဉ်တန်းတွေ ထွက်ပေါ်ခဲ့ပြီး ဒေသခံတွေနဲ့ကမ္ဘာလှည့် ခရီးသည်တွေ ညလုံးပေါက် ရှုစားခဲ့ကြပါတယ်။  မြောက်ဝင်ရိုးစွန်းအနားကောင်းကင်မှာ ညဘက်မှာ ပေါ်လာတတ်တဲ့ ခရမ်းရောင်၊ အဖြူရောင်၊ ပန်းရောင်နဲ့ အစိမ်းရောင်အလင်းတန်းတွေဟာ ဒေသစံတော်ချိန် ည ၁၀ နာရီ လောက်မှာ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဒေသခံဓာတ်ပုံဆရာတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ မှတ်တမ်းဓာတ်ပုံရိုက် ကြည့်ရှုခဲ့ကြရတာပါ။  နာရီအတော်ကြာကြာ ပေါ်လာအပြီး သန်းခေါင်ကျော် ၂ နာရီလောက်မှာ အလင်းတန်းတွေ ကွယ်ပျောက်သွားခဲ့ပါတယ်။  စက်တင်ဘာလကုန်ပိုင်းဟာ ဥတ္တရအလင်းတန်းတွေကို ရှုစားဖို့ ကောင်းတဲ့ အချိန်ပါ။  ကမ္ဘာ့လေထုအလွှာထဲ နေရောင်ဝင်ချိန်မှာ လျှပ်စစ်ဓာတ်စီးနေတဲ့ အမှုန်လေးတွေ လေထု လွှာထဲ ရောက်လာလို့ ဒီအလင်းတန်းတွေ ထွက်လာတာလို့ သိပ္ပံပညာရှင်တွေက အဖြေပေး ထားပါတယ်။
8 months Ago
Up