ရိုင်းပျစွာ ပြုမူသူ ၃ ဦး

October 3, 2020

ဆိပ်ဖြူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရိုင်းပျစွာ ပြုမူသူ ၃ ဦးကို အမှုဖွင့်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ အနော်ရထာတံတားအနီး အဖွဲ့စုံ ပူးပေါင်းစစ်ဆေးရေး လုပ်ကိုင်နေတဲ့ဂိတ်မှာ စစ်ဆေးဆောင်ရွက်တာကို ရိုင်းပျစွာ ပြုမူသူ ၃ ဦးကို အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲရေးဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ ဆိတ်ဖြူ မြို့မရဲစခန်းက သိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းမှာ ချောက်မြို့ဘက်ကနေ သက်ကို၊ ပြည့်စုံအောင်၊ ကျော်မြင့်အောင်တို့ လိုက်ပါလာတဲ့ သုံးဘီးယာဉ်တစီး စစ်ဆေးရေးဂိတ်အရောက်မှာ Mask တပ်ဆင်မှု ရှိ၊ မရှိ စစ်ဆေးတာနဲ့ ခရီးသွားထောက်ခံစာ စစ်ဆေးတာတွေ လုပ်ကိုင်ချိန်မှာ ခရီးသွားထောက်ခံစာက ချောက်-ညောင်ဦးသွားသာ ပါတာ၊ စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက် ပေးတာ မရှိတာတဲ့အပြင် ကိုယ်အမူအရာ ရိုင်းပျစွာ ပြုမူတာတွေ လုပ်ခဲ့လို့ ဆိပ်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီး ဦးနေလင်းက တရားလိုပြု စွဲဆိုခဲ့တာလို့ သိရပါတယ်။ ချောက်မြို့နေ သက်ကို၊ ပြည့်စုံအောင်၊ ကျော်မြင့်အောင်တို့ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နဲ့ အောက်တိုဘာ ၂ ရက်က ဆိပ်ဖြူမြို့မ ရဲစခန်းမှာ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ကိုလင်း(ချောက်)
7 months Ago
Up