ရိုဂျို

December 25, 2019

မာတစ်နှင့် ရိုဂျိုတို့ကို ဇန်နဝါရီဈေးကွက်တွင် မန်ယူ ရောင်းချမည်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အမှုဆောင်အရာရှိ အက်ဒ်ဝုဒ်ဝတ်ဟာ ကွင်းလယ်လူ နီမန်ဂျာမာတစ်နဲ့ ‌နောက်ခံလူ မားကို့စ်ရိုဂျိုတို့ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်‌နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ မာတစ်နဲ့ ရိုဂျိုတို့ဟာ နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး အခုရာသီမှာ ယူနိုက်တက်အသင်းအတွက် ပွဲအနည်းငယ်သာ ပါဝင်ကစားခွင့် ရရှိထားပါတယ်။ ဆိုးလ်ရှားဟာ ဒီကစားသမားနှစ်ဦးကို အသင်းရဲ့ အနာဂတ်မှာ မရှိတော့ဘူးလို့ ပြောဆိုထားခဲ့ပြီးဖြစ်ကြောင်းနဲ့ ဝုဒ်ဝတ်ဟာလည်း သူတို့ကို ရောင်းချဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။  ဆားဘီးယား ကွင်းလယ်လူ မာတစ်ကို နည်းပြဟောင်း မော်ရင်ဟိုက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ချဲလ်ဆီးလ်အသင်းကနေ ခါ်ယူခဲ့တာဖြစ်ပြီး သူဟာ မော်ရင်ဟိုလက်ထက်မှာ ခြေစွမ်းပြသနိုင်ခဲ့လို့ အသင်းရဲ့ အဓိကကစားသမားအဖြစ် အသုံးပြုခြင်း ခံခဲ့ရပါတယ်။  ဒါပေမဲ့ ဆိုးလ်ရှားလက်ထက်မှာတော့ အသက် ၃၁ နှစ်ရှိ မာတစ်ဟာ မက်တွန်မီနေး၊ ဖရတ်တို့ရဲ့နောက် တတိယဦးစားပေး ကစားသမား ဖြစ်လာခဲ့ပြီး ပေါ့ဘာ ဒဏ်ရာကနေ ပြန်ကောင်းလာပြီ ဆိုရင် စတုတ္ထ ဦးစားပေး ကစားသမား ဖြစ်လာတော့မှာ ဖြစ်ပါတယ်။  ယူနိုက်တက်ကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေပြီဖြစ်တဲ့ သူ့ကို ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားနေကြပြီး သူ့ကိုမကြာခင်မှာပဲ ပရီးမီးယားလိဂ်အသင်းသစ်တခုမှာ မြင်တွေ့ရဖို့ရှိနေပါတယ်။ မာတစ်နဲ့အတူ ရောင်းထုတ်ခံရဖို့ရှိနေတဲ့ မားကို့စ်ရိုဂျိုဟာ ‌ပေါင် ၁၆ သန်းနဲ့ ၂၀၁၄ ခုနှစ်မှာ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့တာပါ။  သူဟာ ပြီးခဲ့တဲ့ တလကျော်ကာလအတွင်း ဆိုးလ်ရှားရဲ့အသင်းမှာ ပါဝင်ခွင့် ပျောက်ဆုံးနေခဲ့ပြီး အင်္ဂလန်ပြင်ပ ကလပ်အသင်းတခုခုဆီကို ပြောင်းရွှေ့မယ်လို့ ယူဆရပါတယ်။  အသင်းရဲ့ရလဒ်တွေကြောင့် လာမယ့် ဇန်နဝါရီဈေးကွက်အတွင်း အသင်းလူစာရင်းကို အပြောင်းအလဲ ပြုလုပ်တော့မယ့် မန်ယူနိုက်တက်အသင်းဟာ အနည်းဆုံး ကစားသမားနှစ်ဦးကို  ရောင်းပြီး ကြယ်ပွင့်ကစားသမား နှစ်ဦးလောက်ကို ခေါ်ယူဖွယ်ရှိတယ်လို့ ယူဆရပါတယ်။  နည်းပြ ဆိုးလ်ရှားကတော့ အသင်းအတွက် အသစ်ခေါ်မယ့် ကစားသမားတိုင်းဟာ သူ့ဆုံးဖြတ်ချက်ပေါ်  မူတည်နေပါတယ်လို့ ပြောထားပါတယ်။
1 year Ago
Up