ရိန်းဂျား

August 17, 2018

ဂျရတ်ကိုင်တွယ်နေသည့် ရိန်းဂျားအသင်း ယူရိုပါလိဂ်ခြေစစ်ပွဲ နောက်တဆင့်တက်

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျရတ် ကိုင်တွယ်နေတဲ့ ရိန်းဂျားအသင်းဟာ ယူရိုပါလိဂ် Play-off မှာ ဆလိုဗေးနီးနားကလပ် မာရီဘောကို နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ပထမအကျော့မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိထားခဲ့တဲ့ ရိန်းဂျားအသင်းဟာ ဒုတိယအကျော့ မာရီဘောကွင်းမှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမယ့် ဂိုးမပေးခဲ့ရလို့ နောက်တဆင့်ကို တက်ရောက်သွားခဲ့တာပါ။ ဂိုးသမား မက်ဂရီဂေါဟာလည်း ပယ်နယ်တီ ကာကွယ်နိုင်ခဲ့သလို အပိုင်အခွင့်အရေး အတော်များများကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။ စတီဗင်ဂျရတ်ဟာ ကစားသမားဘဝက အနားယူပြီးနောက် နည်းပြအဖြစ် ပထမဆုံးကိုင်တွယ်တဲ့ အသင်းလည်းဖြစ်ပြီး အကောင်းဆုံးပုံစံနဲ့ အသင်းကို ဦးဆောင်ထားနိုင်ပါတယ်။ ရိန်းဂျားအသင်းအနေနဲ့ နောက်တဆင့်မှာ ရုရှားကလပ် အသင်းတသင်းသင်းနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။
3 years Ago
Up