ရိက္ခာဝေ ထွေ/အုပ် ဝန်ထမ်းများ

A d v e r t i s e m e n t With Us

April 12, 2020

ရိက္ခာဝေ ထွေ/အုပ် ဝန်ထမ်းများ ရောဂါကာကွယ်ရေး စည်းကမ်းလိုက်နာရန် အစိုးရသတိပေး

အခုကာလမှာ အခြေခံလူတန်းစားတွေကို ရိက္ခာဝေပေးနေတဲ့ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေကို ကျေးဇူးတင်သလို ရောဂါကာကွယ်ရေးစည်းကမ်းတွေကိုပါ လိုက်နာကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူက သတိပေးလိုက်ပါတယ်။ ဝန်ကြီးရုံးရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဦးမင်းသူက ပြောလိုက်တာဖြစ်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသလို ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားပြည်သူတွေအတွက် ရိက္ခာ ဖြန့်ဖြူးရေးလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ခါမှာ ပြည်သူ၊ အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်း အားလုံး ဝိုင်းဝန်းလုပ်ကိုင်ကြလို့ အားရစရာ အလွန်ကောင်းတယ်လို့ ဆိုပါတယ်။ “ဒါပေမဲ့ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း မလိုက်နာတဲ့ ဖြစ်ရပ်လေးတွေကြောင့် ဝေဖန်စရာ ဖြစ်ရပါတယ်။ ဒီလိုထပ်မဖြစ်ရအောင် စီမံခန့်ခွဲသူများ အထူးဂရုစိုက်စေလိုပါတယ်။ အားလုံးစည်းကမ်းလိုက်နာကြဖို့ အရေးကြီးပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေအားလုံးရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုပြုကြစေလိုပြီး အလုပ်လုပ်ရင်း ရောဂါကူးစက်တာ မဖြစ်စေရေးက အရေးကြီးတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး “ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်များကို လိုက်နာကြပါ။ လူအင်အားများများမသုံးဘဲ အလုပ်ဖြစ်ရုံ လူအင်အားနဲ့ ကာကွယ်မှုများကို လိုက်နာကြပါ။ အခုလို အခြေအနေမှာ လုပ်ကိုင်ပေးနေတာကိုလည်း ကျေးဇူးများစွာ တင်ပါကြောင်း ပြောကြားလိုပါတယ်” လို့ ရေးထားပါတယ်။ ဝန်ကြီးက ဝန်ထမ်းတွေအားလုံး ကပ်ရောဂါကင်းရှင်းစေဖို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်လို့လည်း ဆိုပါတယ်။
11 months Ago
Up