ရာနဲ့ချီတဲ့ ဗဟိုအမေရိကနေ ရွှေ့ပြောင်းလာသူတွေဟာ အောက်တိုဘာ ၂၀ ရက်နေ့က ဆူချီယာသဲမြစ်ကို ဖောင်တွေနဲ့ကူးပြီး မက္ကဆီကိုနိုင်ငံကို ၀င်ရောက်လာပါတယ်။
သူတို့ဟာ မက္ကဆီကိုကနေတဆင့် အမေရိကကို သွားရောက်မှာ ဖြစ်ပါတယ်။ တချို့ရွှေ့ပြောင်းလာသူတွေကတော့ နှစ်နိုင်ငံနယ်စပ် မြစ်ကိုကြိုးနဲ့ ဖြတ်ကူးပြီး မက္ကဆီကို တဖက်ကမ်းကို ရောက်လာကြတာပါ။
အောက်တိုဘာလ ၁၉ ရက်နေ့က ရာနဲ့ချီတဲ့ ရွှေ့ပြောင်းလာသူတွေဟာ ဂွါတီမာလာနယ်စပ် စခန်းတွေကိုဖြတ်ပြီး မြစ်ကို ဖြတ်ဆောက်ထားတဲ့ တံတားပေါ် တက်ရောက်ခဲ့ပါတယ်။
ဒါပေမယ့် အဲဒီမှာ ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ မက္ကဆီကန် ရဲတပ်ဖွဲ့က သူတို့ကို နှင်ထုတ်ခဲ့တာပါ။
ဒီခရီးသွားလူအုပ်ကြီးမှာ ရွှေ့ပြောင်းလာသူ ၄,ဝဝဝ ဝန်းကျင်ပါဝင်တယ်လို့ စီစဉ်သူတွေက အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် ခြေလျင်၊ ယာဉ်တွေနဲ့ ရွှေ့ပြောင်းလာကြတဲ့ ခန့်မှန်းအရေအတွက် စာရင်းကို ထုတ်ပြတာ မရှိဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago