ရာအူးလ်ဂျင်မီနက်ဇ်

A d v e r t i s e m e n t With Us

January 11, 2020

ရာအူးလ်နှင့် ဒမ်ဘီလီကို ခေါ်ယူရန် ယူနိုက်တက် စိတ်ဝင်စားနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝုဗ်အသင်းရဲ့တိုက်စစ်မှူး ရာအူးလ်ဂျင်မီနက်ဇ်နဲ့ လိုင်ယွန် တိုက်စစ်မှူး မူဆာဒမ်ဘီလီတို့ကို ခေါ်ယူဖို့ ချိန်ရွယ်နေတယ်လို့ Sky Sports သတင်းမှာ ဖော်ပြပါတယ်။  ဒါပေမဲ့ ဒီအပြောင်းအရွှေ့နှစ်ခုလုံးကို ဇန်နဝါရီ အပြောင်းအရွေ့မှာ အပြီးသတ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ သတင်းမှာ ခန့်မှန်းရေးသားထားပါတယ်။  ဂျင်မီနက်ဇ်ဟာ ဝုဗ်အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ‌ခေါ်ယူထားတဲ့ ကစားသမားပါ‌။ သူဟာ ဝုဗ်အသင်းကို အငှားစာချုပ်နဲ့ ကနဦး လာရောက်ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလကမှ အပြီးသတ် ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။  သူဟာ ဝုဗ်အသင်းကနေ ထွက်ခွာသွားနိင်တယ်လို့ အစောပိုင်းကတည်းက ပြောဆိုထားသူ ဖြစ်ပါတယ်။ စပိန်မှာရှိတဲ့ မာကာသတင်းနဲ့တွေ့ဆုံစဉ်တုန်းက သူဟာ ဝုဗ်အသင်းမှာ ‌ပျော်ရွှင်နေပေမယ့် ကစားသမားဘဝ တိုးတက်ဖို့အတွက် ‌နောက်ထပ်အသင်းကြီးတခုဆီ ပြောင်းရွှေ့သွားဖို့ ရှိနေတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။  ဒါပေမဲ့ တဖက်မှာလည်း ဂျင်မီနက်ဇ်ရဲ့အသင်းအပေါ် အကျိုးပြုမှုတွေကြောင့် ဝုဗ်အသင်းဘက်က သူတို့တိုက်စစ်မှူးကို အလွယ်တကူ လက်လွှတ်ခံသွားမှာတော့ မဟုတ်ပါဘူး။  “သူ (ဂျင်မီနက်ဇ်) ဟာ အခုချိန်မှာ ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့် ဝုဗ်အသင်းဘက်ကတော့ သူတို့ ကစားသမားကို အလွယ်တကူ လက်လွတ်ခံသွားမှာ မဟုတ်ပါဘူး။အထူးသဖြင့် ဒီဇန်နဝါရီအပြောင်းအရွှေ့မှာပေါ့” လို့ Sky Sports ရဲ့ သုံးသပ်သူတွေက မှတ်ချက်ပြုပါတယ်။  ဂျင်မီနက်ဇ်အပြင် ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ ပစ်မှတ်စာရင်းမှာ ရှိနေသူကတော့ လိုင်ယွန်တိုက်စစ်မှူး မူဆာဒမ်ဘီလီပဲ ဖြစ်ပါတယ်။  ဒမ်ဘီလီကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတချို့က မျက်စိကျနေကြပြီး ချဲလ်ဆီးအသင်းဘက်က ‌ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်ခဲ့ဖူးပါတယ်။ ဒီကမ်းလှမ်းမှုကို လိုင်ယွန်ဘက်က ပယ်ချခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ သူ့ကို ခေါ်ယူချင်တယ်ဆိုရင် ပိုပြီးကောင်းမွန်တဲ့ ကမ်းလှမ်းမှုမျိုး လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ ဒမ်ဘီလီဟာ ဆဲလ်တစ်ကနေ လိုင်ယွန်အသင်းကို ပြီးခဲ့တဲ့ ၁၈ လက ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး လီဂူးအသင်းအတွက် ဂိုး ၃၀ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။  ဒမ်ဘီလီကိုလည်း လိုင်ယွန်အသင်းဘက်က ဒီအပြောင်းအရွှေ့မှာ လက်လွတ်သွားဖို့ ရာခိုင်နှုန်းအနည်းငယ်သာ ရှိနေပြီး ယူနိုက်တက်အသင်းအနေနဲ့ ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖို့ဆိုရင် လိုင်ယွန်အသင်းဘက်က မငြင်းပယ်နိုင်တဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
1 year Ago
Up