ရာဟိုလာဇမ်

December 12, 2020

အီရန်အစိုးရဆန့်ကျင်သူ သတင်းထောက် ရာဟိုလာဇမ်ကို ကြိုးပေးကွပ်မျက်

အီရန်အစိုးရဆန့်ကျင်သူ သတင်းထောက် ရာဟိုလာဇမ်ကို ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ ကြိုးပေး ကွပ်မျက်လိုက်ပြီလို့ နိုင်ငံပိုင်သတင်းဌာန IRNA က ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာပဲ အီရန်တရားရုံးက ဇမ်ဟာ ကြီးလေးသော အကျင့်ပျက်ခြစားမှု ကျူးလွန်တယ်လို့ ဆိုပြီး သေဒဏ်ချမှတ်ခဲ့တာပါ။ သူလျှိုမှု ဒါမှမဟုတ် အီရန်အစိုးရ ဖြုတ်ချဖို့ ကြိုးပမ်းတဲ့အမှုတွေမှာ အဲဒီပြစ်ဒဏ်ကို မကြာခဏ သုံးလေ့ရှိပြီး နယ်စည်းမတား သတင်းထောက်များအဖွဲ့ (RSF) က ဇမ့်အပေါ် ရုံးတင်စစ်ဆေးမှုဟာ လုံး၀ တရားမျှတမှုမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ ပြည်ပနိုင်ငံတစ်ခုမှာ ပြည်ပြေးအဖြစ် သွားရောက်ခိုလှုံခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်က အဖမ်းခံခဲ့ရတာပါ။ သူ့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို အီရန်တရားရုံးချုပ်က အတည်ပြုခဲ့ပြီး ၄ ရက်အကြာမှာ ကွပ်မျက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
4 months Ago
Up