မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရာသီကြိုလက်မှတ်တွေ အကုန်ရောင်းထွက်သွားပြီး စံချိန်တင် ရောင်းချရမှုဖြစ်ကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရလဒ်တွေ ဆိုးရွားခဲ့ပြီး ရာသီကုန်ချိန်မှာလည်း ချန်ပီယံဖြစ်ခဲ့တဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့နောက်မှာ ၃၂ မှတ်အကွာ အဆင့် ၆ နေရာသာ ရရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း အသင်းပရိသတ်တွေကတော့ စိတ်ပျက်နေခြင်း မရှိသေးဘဲ နည်းပြသစ် ဆိုးလ်ရှားလက်အောက်မှာ ပုံစံသစ်နဲ့ ပြောင်းလဲလာမှုကို မျှော်လင့်နေကြတယ်လို့ ဘောလုံးသုံးသပ်သူတွေက ဆိုပါတယ်။
တရာသီစာ ကြိုတင်လက်မှတ်ပေါင်း ၅၂၀၀၀ ရောင်းချခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့်ကာလအတွင်းမှာ ကွင်းဝင်ဆန့်မှုကို ပရိသတ်ဦးရေ ၇၅၀၀၀ ထိ တိုးမြှင့်သွားဖို့ ရှိနေပါတယ်။
နည်းပြ ဆိုးလ်ရှားကတော့ အသင်းရဲ့ ကစားသမား တဝက်လောက်ထိ ရောင်းထုတ်သွားဖို့ရှိတယ်လို့ ပြောကြားသွားပြီး လာမယ့်ရာသီမှာ အသင်းကို ပြန်လည်တည်ဆောက်သွားဖို့ ရှိနေပါတယ်။
2 years Ago