ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်

July 2, 2015

၂၀၁၅ ခုနှစ်အတွင်း မိုးများမည်ဟု ဦးထွန်းလွင် ခန့်မှန်း

၂၀၁၅ ခုနှစ်အတွင်း အယ်လ်နီညို ရာသီဥတုဖြစ်ဖို့ ၇၀ ရာခိုင်နှုန်းရှိနေတာကြောင့် အယ်လ်နီညိုနှစ်တွေထဲက ဒီနှစ်ဟာ မိုးရွာသွန်းမှု ပိုများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။ UTunLwin“၂၀၁၅ နွေရာသီ၊ နွေရာသီဆိုတာက ဆောင်းမရောက်ခင်အထိ၊ အဲဒီကာလအတွင်းမှာ အယ်လ်နီညိုဖြစ်ဖို့ ၇၀ ရာခိုင်နှုန်း သေချာတယ်။ ၂၀၁၅ ခုနှစ်ရဲ့ နွေရာသီ စပ်ကူးမတ်ကူး ကာလဖြစ်တဲ့အတွက် ရာသီက အထိုင်မကျဘူး။ သူက နွေလည်း အစစ်မဟုတ်ဘူး၊ မိုးလည်း အစစ်မဟုတ်ဘူး၊ နှစ်ခု ရောနေပြီ။ သာဓကပြရရင် ဒီလိုကာလမျိုးတွေကြည့်ရင် မြေပြင်ကလည်း ပူတယ်။ အပေါ်က လေမှာလည်း ရေငွေ့က ရှိနေတယ်။ အဲတော့ သူက နွေနဲ့မတူဘူး။” ၂၀၁၅ မိုးကုန်ကာလ စက်တင်ဘာလထိ မိုးရွာသွန်းမှုအခြေအနေမှာ တောင်အာရှ အတွင်း မြန်မာနိုင်ငံက ရွာနှုန်းထက်ပိုနိုင်တယ်လို့ နိုင်ငံတကာ ရာသီဥတုနှင့် လူ့အဖွဲ့အစည်း သုတေသနအဖွဲ့က ခန့်မှန်းထားပါတယ်။ ဒီနှစ်မှာ ရွာသွန်းနှုန်း ပုံမှန် ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းထိ ပိုမယ်လို့လည်း ခန့်မှန်းထားပါတယ်။ မိုးများနေတဲ့ ရာသီဥတုကာလ ဖြစ်တာကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့ သတိထားဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ပြည့်နှစ်တွေက ၂ နှစ်ဆက်တိုက် အယ်လ်နီညို ရာသီဥတုနှစ်တွေ တွေ့ကြုံခဲ့ရပြီး စံချိန်တင် ပူပြင်းမှုတွေ၊ မြစ်တွေမှာ ရေနည်းပါးလို့ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းတွေနဲ့ ကျန်းမာရေးချို့တဲ့တာတွေ လူသေဆုံးတာတွေ ကြုံတွေ့ခဲ့ပါတယ်။ ကမ္ဘာပေါ်တွင် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အဆိုးရွားဆုံး ခံစားရတဲ့ ပထမနိုင်ငံဟာ ဟွန်ဒူးရပ်စ်နိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယဟေတီနိုင်ငံ၊ စတုတ္ထ နီကာရာဂွါနိုင်ငံနဲ့ ပဉ္စမ ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်ကြောင်း Global Climate Risk Index မှာ ဖော်ပြထားပါတယ်။
6 years Ago

အားကြီးအပူလှိုင်း ဥရောပအနောက်ပိုင်း တခုလုံးကို ဖြတ်မည်ဟု သတိပေး

ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (ဒဗလျူအမ်အို) က အားကြီးတဲ့ အပူလှိုင်းဟာ ဥရောပ အနောက်ပိုင်း တခုလုံးကို ဖြတ်သွားမယ်လို့ ပြောပါတယ်။ ဒါကြောင့် ပေါ်တူဂီ၊ စပိန်၊ ပြင်သစ်နိုင်ငံတွေမှာ အပူချိန် ၄၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်ထိ မြင့်တက်နိုင်တယ်လို့ ဆိုလိုလိုက်တာပါ။ စပိန်နိုင်ငံတွင်း အပူချိန်က ကော်ဒိုဘာမြို့မှာ ဇွန် ၂၈ ရက်က ၄၃ ဒီဂရီ ကျော်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ တချို့နေရာတွေမှာလည်း အပူချိန် မြင့်နေပါတယ်။ အပူလှိုင်းကြောင့် ကျန်းမာရေးသက်ရောက်မှုသာမက စွမ်းအင်၊ ရေနဲ့ သယ်ယူပို့ဆောင်ရေး အပါအ၀င် အခြေခံ အဆောက်အဦတွေ တိုးတက်မှုကို ညစ်နွမ်းစေတယ်လို့ ဒဗလျူအမ်အိုက သတိပေးခဲ့ပါတယ်။ ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ အပူချိန်က ၃၁ ဒီဂရီ ဆဲလ်ဆီးယပ်စ်ရှိပြီး သီတင်းပတ်ကုန်ရက်တွေမှာ ပိုပြီးပူနွေးမယ်လို့ [caption id="attachment_100554" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ လာမယ့် ဇူလိုင် ၄ ရက်နေ့မှာ အပူချိန်က ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်း ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေမှာ ၃၅ ကနေ ၃၉ ဒီဂရီ ဆဲလ်ဆီးယပ်စ်ကြားမှာ ရှိလိမ့်မယ်လို့ ဂျာမန်မိုးလေဝသ ဝန်ဆောင်မှုအဖွဲ့ (ဒီဒဗလျူဒီ) မိုးလေဝသပညာရှင်က ပြောပါတယ်။ ဒီနွေ ၂ လဟာ ကျန်ခဲ့တဲ့ နှစ် ၃၀ ထက် ပိုပူမယ်လို့ ပြောပါတယ်။ စပိန်အမျိုးသား မိုးလေဝသ အေဂျင်စီကတော့ ဇူလိုင် ၅ ရက်နေ့မှာ အပူချိန် ၄၀ ဒီဂရီထိ ရောက်မယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။ မြို့တော် မက်ဒရစ် ဒေသအစိတ်အပိုင်းတွေမှာ အဆင့်အမြင့်ဆုံးအောက် ၂ ဆင့်မြောက် ဖြစ်တဲ့ အဝါရောင်အဆင့် တပ်လှန့်သတိပေးချက် ထုတ်ပြန်ထားရပါတယ်။ ဗြိတိန်မှာလည်း ၁ နှစ်လုံးမှာ အပူဆုံးရက်တွေကို ရင်ဆိုင်နေရလို့ ပြည်သူ့ကျန်းမာရေး အရာရှိတွေက အဆင့် ၂ အပူလှိုင်းသတိပေးချက် ထုတ်ပြန်ထားရပါတယ်။ အမြင့်ဆုံးအပူချိန်ကြောင့် နိုင်ငံအနောက်ပိုင်းမှာ မိုးကြိုးမုန်တိုင်းတွေ ဖြစ်နိုင်တယ်လို့ ပြည်သူ့ကျန်းမာရေး အရာရှိက ဘီဘီစီသတင်းဌာနကို ပြောပါတယ်။ ဇူလိုင် ၂ ရက် ဒီနေ့မှာ မိုးရွာဖို့နဲ့ အပူချိန် ၂၅ ဒီဂရီ ဆဲလ်ဆီးယပ်စ်ကို ပြန်ကျသွားဖို့ မျှော်လင့်ထားပါတယ်။ ပြင်သစ်နိုင်ငံတလွှားမှာလည်း မြောက်အာဖရိကဒေသက အပူလှိုင်းတွေ ပဲရစ်မြို့တော်အထိ ဖြတ်သန်း တိုက်ခတ်ခဲ့လို့ နိုင်ငံတလွှား အပူချိန် တိုးမြင့်ခဲ့ပါတယ်။ အမျိုးသား မိုးလေဝသ ဝန်ဆောင်မှုအဖွဲ့က လာမယ့် ရက်တွေအတွင်း နိုင်ငံတွင်း ကျယ်ပြန့်တဲ့ အစိတ်အပိုင်းတွေမှာ အပူချိန် ပိုတိုးလာနိုင်လို့ လိမ္မော်ရောင်အဆင့် တပ်လှန့်သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
6 years Ago

June 20, 2015

နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဆု မြန်မာရရှိ

တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Wildlife Conservation Society-WCS) အပါအ၀င် နိုင်ငံတကာ အန်ဂျီအို အချို့စုပေါင်းပြီး  မြန်မာနိုင်ငံက ဒေါက်တာ ကလျာကို 2015 Behler Conservation Award ဆုပေးအပ်ဖို့ ရွေးချယ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက လိပ်ထိန်းသိမ်းရေးပညာရှင် Mr Behler တည်ထောင်တဲ့ ရန်ပုံငွေနဲ့ လိပ်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ပတ်သက်လို့ စွမ်းစွမ်းတမံဆောင်ရွက်သူတွေကို နှစ်စဉ် ရွေးချယ်ပေးအပ်နေတာဖြစ်ပါတယ်။ ဒီဆုကို ၁၀ နှစ်ဆက်တိုက် ဆုချီးမြှင့်ရာမှာ မြန်မာနိုင်ငံက  ပထမဆုံးအကြိမ် ရခဲ့တာဖြစ်ပါတယ်။ လာမယ့်သြဂုတ်လကျရင် အမေရိကန်ပြည်ထောင်စု အယ်ရီဇိုးနားပြည်နယ်မှာ ဆုကို ချီးမြင့်မှာ ဖြစ်ပါတယ်။ ဒေါက်တာ ကလျာက  “ဒီဆုကရတဲ့ ဆုကြေးငွေအကုန်လုံးကို မြန်မာနိုင်ငံမှာ လိပ်စောင့်ရှောက်ရေး ဆောင်ရွက်နေကြတဲ့ keeper လေးတွေကို စင်ကာပူတိရစ္ဆာန်ဥယျာဉ်ကို  သွားရောက်စေပြီး လိပ်ထိန်းသိမ်းစောင့်ရှောက်ပုံ၊ အစာကျွေးပုံ၊ သားဖောက်ခြင်း ပညာများကို လေ့လာဖို့ ကျခံသုံးစွဲသွားပါမယ်” လို့ ပြောကြားပါတယ်။  
6 years Ago
More News
Up