ရာသီဥတုပြောင်းလဲမှု

A d v e r t i s e m e n t With Us

June 21, 2019

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး မိန့်ခွန်းပြောနေချိန် အနီရောင်ဝတ် အမျိုးသမီးများ ဝင်ရောက်ဆန္ဒပြ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဇွန် ၁၉ ရက်နေ့က ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ဖီးလစ် ဟာမွန် မိန့်ခွန်းပြောကြားနေတဲ့ အခမ်းအနားထဲကို ရာသီဥတုပြောင်းလဲမှု ဆန္ဒပြသူတွေ ရုတ်တရက် ကြားဖြတ် ဝင်ရောက်လာတာကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲတွေရဲ့ ဂုဏ်ပြုညစာစားပွဲမှာ ဖီးလစ်ဟာမွန်က မိန့်ခွန်းပြောကြားနေချိန် ဒါဇင်ချီတဲ့ အနီရောင်ဂါဝန် ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေ ဝင်လာပြီး လော်စပီကာတွေနဲ့ ဆန္ဒပြဆောင်ပုဒ်တွေ ကြွေးကြော်ခဲ့ကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ Greenpeace က အဲဒီဆန္ဒပြပွဲဟာ သူတို့စီစဉ်တာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှု ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့တွေနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ ဗြိတိန်အစိုးရရဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို  အရှိန်လျော့အောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုက အရေးပေါ် အခြေအနေ ဖြစ်နေပေမယ့် အစိုးရအနေနဲ့ ဘာမှပြောင်းလဲမှု မရှိဘူး၊ ဒါ့ကြောင့် အဲဒီပွဲမှာ ဆန္ဒပြခဲ့တာလို့ Greenpeace အဖွဲ့က တွစ်တာစာမျက်နှာမှာ ပြောခဲ့ပါတယ်။ ဆန္ဒပြသူတွေကို အပြင်ဆွဲထုတ်ပြီးနောက်မှာ အခမ်းအနားကို ဆက်ကျင်းပခဲ့ကြပါတယ်။
2 years Ago

May 25, 2019

ရာသီဥတုပြောင်းလဲမှု အကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေး တိုက်တွန်းလှုံ့ဆော်

ရာသီဥတုပြောင်းလဲမှု အကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေးအတွက် တိုက်တွန်းလှုံ့ဆော်မှု အခမ်းအနားကို မေ ၂၄ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှု အကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေး အခမ်းအနားကို မေလ ၂၄ ရက်က  နိုင်ငံပေါင်း ၁၀၀ ကျော်မှာ တပြိုင်တည်း ပြုလုပ်ခဲ့တာပါ။ ရာသီဥတုပြောင်းလဲမှု အကျပ်အတည်း တုံ့ပြန်ဖြေရှင်းရေး ကမ်ပိန်းကို Fridays for Future ဆိုတဲ့ အမည်နဲ့ ကမ္ဘာတ၀န်းမှာ ပြုလုပ်နေပြီး၂၀၁၉ခုနှစ်၊ မေလမှာတော့ နိုင်ငံပေါင်း ၁၂၅ နိုင်ငံက နေရာပေါင်း ၂၀၀၀ ကျော်မှာ လှုပ်ရှားမှုတွေ ပူးပေါင်းပါဝင်သူ ၁.၆ သန်းအထိ ရှိလာခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲမှုအကျပ်အတည်းကို အစိုးရနဲ့ အများပြည်သူတွေ ပိုမိုသိရှိ သတိပြုမိစေဖို့ ရည်ရွယ်တယ်လို့ စီစဉ်ခဲ့တဲ့ Fridays for Future Myanmar အဖွဲ့က ပြောပါတယ်။
2 years Ago
More News
Up