ရာသီဥတုပြောင်းလဲမှုဒဏ်

October 3, 2021

ရာသီဥတုပြောင်းလဲမှုဒဏ် အခံရဆုံးနိုင်ငံများကို တနှစ် ဒေါ်လာ ဘီလီယံ ၁၀၀ ကူညီရန် သဘောတူ

ဗြိတိန်နိုင်ငံ၊ ဂလပ်စ်ဂေါမြို့မှာ ကျင်းပတဲ့ COP26 ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံကို တက်ရောက်လာမယ့် ကိုယ်စားလှယ်တွေက ရာသီဥတု ပြောင်းလဲမှုဒဏ် အခံရဆုံးနိုင်ငံတွေကို ကူညီဖို့ တနှစ်ကို အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀၀ ပေးဖို့ ကတိကို သဘောတူလိုက်ကြပြီလို့ COP26 ရဲ့ ဥက္ကဋ္ဌ အားလက်ခ်ရှာမာက အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။

COP26 ရာသီဥတု ညီလာခံမတိုင်ခင် အီတလီနိုင်ငံမှာ ကျင်းပတဲ့ အကြိုဆွေးနွေးပွဲတွေအပြီးမှာ ရှာမာက ပြောလိုက်တာပါ။

ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုမပူလာရေး ထိန်းထားဖို့ လုပ်နိုင်တာတွေနဲ့ နိုင်ငံအဆင့် ရာသီဥတု စီမံကိန်းတွေအရ တစုတစည်းတည်း လုပ်ဖို့လိုတာတွေကို သဘောတူခဲ့ကြတယ်လို့လည်း ရှာမာက ပြောပါတယ်။

ဒီညီလာခံဟာ  စက်မှုခေတ်မတိုင်ခင်ကထက် အပူချိန် ၂ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုမပူရေး ကမ္ဘာကြီးပူနွေးမှုကို ထိန်းချုပ်ကန့်သတ်ထားဖို့ ၂၀၁၅ ပါရီ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၂၀၀ နီးပါးဆီက ရည်မှန်းချက်ကြီးတဲ့ လုပ်ဆောင်ချက်တွေ ပိုသေသေချာချာ လုပ်စေဖို့ ရည်မှန်းထားပါတယ်။

1 year Ago
Up