ရာသီဥတုညီလာခံ

A d v e r t i s e m e n t With Us

December 10, 2019

ရာသီဥတုအရေး လှုပ်ရှားသူ ဂရီတာသန်းဘတ် ကုလသမဂ္ဂ ရာသီဥတုညီလာခံ တက်ရောက်

ဆွီဒင်နိုင်ငံက ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူ ဆယ်ကျော်သက် ကျောင်းသူလေး ဂရီတာသန်းဘတ်ဟာ ဒီဇင်ဘာ ၉ ရက်နေ့က စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ပြုလုပ်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ ရာသီဥတုအရေး ညီလာခံကို တက်ရောက်လာခဲ့ပါတယ်။ အဲဒီညီလာခံမှာတော့ သန်းဘတ်ဟာ လူငယ်တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့အတူ ဆွေးနွေးခဲ့တာပါ။ ဒီရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲမှာ  သူ့ရဲ့လှုပ်ရှားမှုကို အသုံးချပြီး တခြားသူတွေအကြောင်းကို  သတိပြုမိအောင် လုပ်သွားမယ်လို့ အသက် ၁၆ နှစ်အရွယ် သန်းဘတ်က ပြောခဲ့ပါတယ်။  သန်းဘတ်ဟာ ကာဗွန်ဓာတ်ငွေ့ကင်းတဲ့ ရွက်လှေတစင်းနဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ရက်နှစ်ဆယ်ကျော် ခရီးနှင်ပြီးနောက် ဒီဇင်ဘာ ၆ ရက်နေ့က မက်ဒရစ်မြို့ကို ရောက်လာခဲ့တာပါ။  ၂၀၁၈ ခုနှစ် သြဂုတ်လမှာ  သောကြာနေ့တိုင်း ကျောင်းမတက်ဘဲ ရာသီဥတု ပြောင်းလဲမှုကို အရေးယူ ဆောင်ရွက်ပေးဖို့ ဆွီဒင်လွှတ်တော်ရှေ့မှာ တကိုယ်တော်ဆန္ဒပြခဲ့တဲ့ သန်းဘတ်ရဲ့ လှုပ်ရှားမှုက ကမ္ဘာ့လူငယ်တက်ကြွလှုပ်ရှားသူတွေအပေါ် လွှမ်းမိုးခဲ့ပါတယ်။  လက်ရှိမှာ သန်းဘတ်ရဲ့ Friday for Future လှုပ်ရှားမှုက ကမ္ဘာကြီး ပူနွေးလာမှု လျှော့ချရေး တောင်းဆိုတဲ့ လှုပ်ရှားမှုအဖြစ် တကမ္ဘာလုံးအတိုင်းအတာထိ ပျံ့နှံ့သွားခဲ့ပါတယ်။
1 year Ago
Up