ရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူနိုင်ဟု ဂျွန်တယ်ရီ ပြော

May 17, 2017

ရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူနိုင်ဟု ဂျွန်တယ်ရီ ပြော

ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဘောလုံးကစားသမားဘဝကနေ အနားယူနိုင်တယ်လို့ ချဲလ်ဆီးအသင်းခေါင်းဆောင် ဂျွန်တယ်ရီက ပြောပါတယ်။ အသက် ၃၆ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ဂျွန်တယ်ရီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ချဲလ်ဆီးအသင်းက စာချုပ်သက်တမ်းမတိုးဖို့ ဆုံးဖြတ်ထားတာပါ။ တယ်ရီကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် အလယ်အလတ်အသင်းတွေအပြင် တရုတ်စူပါလိဂ်၊ အမေရိကန် မေဂျာလိဂ်ကလပ်တွေက စိတ်ဝင်စားနေပေမယ့် ကစားသမားဘဝကနေ အနားယူဖို့လည်း ရှိနေတယ်လို့ တယ်ရီက ဆိုပါတယ်။ တယ်ရီဟာ ဝတ်ဖို့ဒ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး အနိုင်ဂိုးတဂိုး သွင်းယူခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ နောက်ဆုံအိမ်ကွင်းပွဲစဉ်အဖြစ် ဆန်းဒါးလန်းအသင်းနဲ့ ကစားရမှာဖြစ်ပြီး ကစားသမားဘဝ နောက်ဆုံးပွဲစဉ် ဖြစ်နိုင်တယ်လို့ တယ်ရီက ဆိုပါတယ်။ တယ်ရီအနေနဲ့ ဘောလုံးဆက်ကစားမလား ဆိုတာကို ရာသီအကုန်မှာ ဆုံးဖြတ်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဂျွန်တယ်ရီဟာ သူ့အသက် ၁၅ နှစ်အရွယ် ၁၉၉၅ ခုနှစ်ကတည်းက ဝက်စ်ဟမ်းအသင်းကနေ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာတာဖြစ်ပြီး ချဲလ်ဆီးအသင်းမှာ ကစားခဲ့တဲ့ ၂၂ နှစ်အတွင်း အဓိကဆုဖလား စုစုပေါင်း ၁၅ လုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
4 years Ago
Up