ရာမိုလန်ကို

July 12, 2018

ဒေါ့မွန် တောင်ပံကစားသမား ရာမိုလန်ကို,ကို ဝက်စ်ဟမ်း ခေါ်ယူ

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းက ယူကရိန်း တောင်ပံကစားသမား ရာမိုလန်ကို ကို ဂျာမန်ကလပ် ဒေါ့မွန်အသင်းကနေ ခေါ်ယူနိုင်ပြီ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက ရာမိုလန်ကို ကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားကတော့ ဝက်စ်ဟမ်းအသင်းရဲ့ အနာဂတ်စီမံကိန်းတွေကို စိတ်ဝင်စားလို့ ရွေးချယ်တာလို့ ဆိုပါတယ်။ ဒါ့အပြင် အသင်းရည်မှန်းချက် မြင့်မားပြီး အဲဒီစိန်ခေါ်မှုတွေအတွက် စိတ်လှုပ်ရှားတယ်လို့လည်း ရာမိုလန်ကိုက ပြောပါတယ်။ သူဟာ ဝက်စ်ဟမ်းနည်းပြသစ် ပယ်လီဂရီနီရဲ့ ဒီနှစ် နွေရာသီမှာ ၅ ယောက်မြောက် ခေါ်ယူခြင်းခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ရာမိုလန်ကိုဟာ ယူကရိန်း လက်ရွေးစင်အသင်းအတွက် ၇၇ ပွဲ ကစားပေးထားပြီး ၃၅ ဂိုး သွင်းယူထားပါတယ်။
3 years Ago
Up