ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ခါတိုင်းဆိုရင် ရာမာဒန် ဥပုသ်လအတွင်း လမ်းတွေပေါ် ယာဉ်တွေနဲ့ လူတွေ၊ စည်ကားနေပေမယ့် ခုတော့ ဗလီတွေကို ပိတ်ထားပြီး လမ်းတွေမှာလည်း လူသူကင်းမဲ့နေပါတယ်။
အထူးသဖြင့် တမြို့လုံး အသွားအလာ၊ အဝင်အတွက် ပိတ်ဆို့ ကန့်သတ်ထားတဲ့ ဧပြီ ၂၄ ရက်က ရာမာဒန်ဝတ်ပြုပွဲမှာတောင် လူမရှိပါဘူး။
လူနေထူထပ်တဲ့ ဒါကာမြို့ ဘာသာရေးအဆောက်အအုံတွေကနေ ဝတ်ပြုဖို့ ဆော်သြ သံတွေကို ကြားနေရပါတယ်။
ဒါပေမယ့် ဘယ်သူမှ ဗလီမတက်သလောက် ဖြစ်နေပြီး အိမ်တွေကနေပဲ ဝတ်ပြုနေကြတာ ပါ။
ဒါကာမြို့ကို တလကြာ အသွားအလာ ကန့်သတ်မှုက ဧပြီ ၂၅ ရက်မှာ သက်တမ်းကုန်တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ မေလ ၅ ရက်ထိ သက်တမ်း တိုးထားပါတယ်။
11 months Ago