ရာဘီရော့တ်

A d v e r t i s e m e n t With Us

July 1, 2019

ရာဘီရော့တ်ဟာ ဂျူဗင်တပ်စ်သို့ပြောင်းရွှေ့ရန် ဆေးစစ်မှုခံရယူ

ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်ကစားသမား ရာဘီရော့တ်ဟာ ဂျူဗင်တပ်အသင်းကို အပြီးသတ်ပြောင်းရွှေ့နိုင်ဖို့ တူရင်မြို့ကို  ဆေးစစ်ဖို့ ရောက်ရှိနေပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ မကြာခင်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပြင်သစ်ကွင်းလယ်လူကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပေမယ့် တနှစ်လုပ်ခပေါင် ၆.၂ သန်း ပေးချေရမှာဖြစ်သလို စာချုပ်တန်ကြေးပေါင် ၉ သန်းပေးချေရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ J Center မှာ ဆေးစစ်မှုခံယူမယ့် ရာဘီရောတ့်ဟာ လေယာဉ်နဲ့ ရောက်ရှိလာခဲ့တဲ့ ဗွီဒီယိုကိုတော့ ကလပ်က တရားဝင်တွစ်တာမှာ တင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အေဂျက်စ်နောက်ခံ လူငယ်ကြယ်ပွင့် ဒီလစ်ကို လာမယ့်ရက်မှာ ပေါင်သန်း ၇၀ လောက်နဲ့ စာချုပ်ချုပ်ဖို့ ရှိနေတာကြောင့် ရာဘီရောတ့်ရဲ့ အလွတ်ပြောင်းရွှေ့ကြေးဟာ ငွေကြေးသုံးစွဲမှုကို လျော့ချနိုင်ခဲ့တာဖြစ်ပါတယ်။ အီတလီချန်ပီယံတို့ဟာ ပရီးမီးယားလိဂ်ကစားသမားတဦးကို ထပ်မံပစ်မှတ်ထားနေပြီး ဘန်လေအသင်းက ဒွိုက်မက်နေးလ်ဖြစ်တယ်လို့ သိရပါတယ်။
2 years Ago
Up