ရာဘီရောတ့်

A d v e r t i s e m e n t With Us

January 9, 2020

အသင်းတွင် ဆက်နေလိုဟု မန်ယူနိုက်တက်နှင့်အာဆင်နယ်ပစ်မှတ် ဂျူဗင်တပ်စ်ကွင်းလယ်လူ ပြော

ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား အက်ဒ်ရီယန်ရာဘီရောတ့်ကို အာဆင်နယ်၊ အဲဗာတန်နဲ့ မန်ယူနိုက်တက်အသင်းတို့က ခေါ်ယူဖို့ချိတ်ဆက်နေပေမယ့် ကစားသမားကိုယ်တိုင်က အသင်းမှာပဲ ဆက်နေချင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကတ်ဂလီရာရီအသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မိနစ် ၉၀ အပြည့်ကစားခဲ့တဲ့ ရာဘီရောတ့်ဟာ ပြီးခဲ့တဲ့ လပိုင်းလောက်က ‌‌ခြေစွမ်းပိုင်းနဲ့ပတ်သတ်ပြီး ဝေဖန်ခံရ‌တာတွေရှိခဲ့သလို ပွဲထွက်ကစားခွင့်မရခဲ့လို့ အသင်းပြောင်းရွှေ့မယ်လို့ သတင်းတွေကြီးခဲ့သူဖြစ်ပါတယ်။ ပြင်သစ်ကွင်းလယ်လူ ရာဘီရောတ့်အနေနဲ့ ပီအက်စ်ဂျီအသင်းကနေ ဂျူဗင်တပ်အသင်းထံ ရောက်ရှိလာခဲ့ပြီး နည်းပြဆာရီလက်အောက်မှာ ‌ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့အပြင်ပုံမှန်ခြေစွမ်း အောက်ကျဆင်းနေခဲ့တာကြောင့် နောက်ထပ်ကစားသမားတဦးဖြစ်တဲ့ အန်မရီချန်လိုပဲ အသင်းပြောင်းရွှေ့ဖို့ သတင်းထွက်နေတာပါ။ လက်ရှိမှာ‌တော့ ရာဘီရောတ့်ကိုယ်တိုင်ကလည်း သူ့အနေနဲ့ ဂျူဗင်တပ်စ်နဲ့ ဆာရီတို့ဆီမှာ ယုံကြည်ချက်အပြည့်ရနိုင်ဖို့ မျှော်လင့်ထားသလို ၂၀၁၉ ခုနှစ်ဟာ သူ့အတွက်မလွယ်ခဲ့ပေမယ့် ၂၀၂၀ မှာတော့ ပိုကောင်းပြီး ဂျူဗင်တပ်စ်အတွက် အကျိုးရှိစေမယ့် ကစားသမားတဦး ဖြစ်လာဖို့ မျှော်လင့်နေတယ်လို့ ပြောကြားသွားခဲ့တယ်။ 
1 year Ago
Up