အဲဗာတန်အသင်းဟာ ဂျူဗင်တပ်စ်ကွင်းလယ်လူ ရာဘီယူးကို ခေါ်ယူဖို့ အခွင့်အရေး ကောင်းမွန်နေပါတယ်။
အသက် ၂၅ နှစ်ရှိ ပြင်သစ်ကွင်းလယ်လူ ရာဘီယူးဟာ ပြီးခဲ့တဲ့နှစ်က ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့လာခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့်မရဘဲ ဖြစ်နေတာပါ။
အီတလီသတင်းစာ Tutto Sport ရဲ့ အဆိုအရ ရာဘီယူးဟာ ဂျူဗင်တပ်စ်အသင်းမှာ ပွဲကစားချိန် နည်းပါးနေတဲ့အပေါ်မှာ ကျေနပ်မှုမရှိတာကြောင့် ကမ်းလှမ်းတဲ့အသင်းတွေရှိရင် လက်ခံစဉ်းစားနိုင်တယ်လို့ ဆိုပါတယ်။
အဲဗာတန်နည်းပြ ကားလို့စ်အန်စလော့တီဟာ ပီအက်စ်ဂျီအသင်းကို နည်းပြစဉ်က ယာဘီယူးအား အသင်းကြီးကိုခေါ်ယူပြီး ပွဲထွက်ကစားခွင့်ပေးခဲ့ပါတယ်။
ဒါကြောင့် ဆရာဟောင်း အန်စလော့တီရှိတဲ့ အဲဗာတန်အသင်းကို ပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။
သူဟာ ဂျူဗင်တပ်စ်နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုထားပြီး တစ်နှစ်ကို ယူရို ၇ ဒသမ ၅ သန်း လုပ်ခ ရရှိနေတာပါ။
အဲဗာတန်အသင်းအနေနဲ့ အန်စလော့တီရဲ့ ကူညီမှုနဲ့ ခေါ်ယူဖို့ အခြေအနေ ကောင်းမွန် နေပေမယ့် လုပ်ခပမာဏက အခက်အခဲရှိနိုင်တယ်လို့လည်း သိရပါတယ်။
9 months Ago