ရာဘာတောအတွင်း ထိုင်းသတင်းထောက်နှင့်သူငယ်ချင်းဖြစ်သူ ပစ်သတ်ခံရ

March 26, 2016

ရာဘာတောအတွင်း ထိုင်းသတင်းထောက်နှင့်သူငယ်ချင်းဖြစ်သူ ပစ်သတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ မောင်ခရိုင်ထဲက ရာဘာစိုက်ခင်းတခုထဲမှာ ပတ်ဌာနီခရိုင်အခြေစိုက် သတင်းထောက်တဦးနဲ့ သူ့ရဲ့သူငယ်ချင်းဖြစ်သူတို့ဟာ မတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ အဲဒီပစ်သတ်ခံရမှုဟာ ဘန်ပဒိုရွာအနောက်ဘက်က စိုက်ခင်းထဲမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ မောင်ခရိုင်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိချုပ် ရှင်နာဝပ်ဗက်သေရာခွန်က ပြောပါတယ်။ သေဆုံးသူသတင်းထောက်ဟာ သူ့ကိုယ်ပေါ်က ၀န်ထမ်းကတ်ကို တွေ့ရှိခဲ့ရတာမို့ ပတ်ဌာနီအခြေစိုက် Police Si Square သတင်းအေဂျင်စီက ဖြစ်တယ်ဆိုတာ အတည်ပြု နိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခံ ထားခဲ့ရတာလို့ သတင်းက ဆိုပါတယ်။ သေသူနဲ့မနီးမဝေး ရွက်ဖျင်တဲမှာတော့ ဒါလ်ရိုနင်းဆမဲ့အမည်ရ အသက် ၅၁ နှစ်အ ရွယ် အမျိုးသားကို ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာ ၂ ချက်နဲ့အတူ ဒေသခံတွေက အရင် တွေ့ရှိခဲ့တာပါ။ သူ့ကို ဆေးရုံ အလျင်အမြန်ပို့ဆောင်ခဲ့ပေမယ့် မကြာခင်မှာပဲ သေဆုံးသွားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ ဒေသခံတွေဟာ သူတို့ ၂ ဦးကို မနက်ခင်း ၄ နာရီ ခွဲလောက်က စတင်တွေ့ရှိချိန်မှာ သူတို့ရဲ့လုံခြုံရေးအရ အနားမကပ်ရဲကြပဲ မနက် ၆ နာရီထိုးချိန်ထိ စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်မှာ ဒါလ်ရိုနင်းဟာ အသက်ရှူနသေးတယ်လို့ ဆိုပါတယ်။ ရဲတွေရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ သူတို့ ၂ ဦးလုံးဟာ စိုက်ခင်းထဲက ရွက် ဖျင်တဲဆီ မကြာခဏလာလေ့ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒါဟာ ပုဂ္ဂိုလ်ရေးဖြစ်ပွားတဲ့ အမှု၊ ဒါမှမဟုတ် ဘယ်လိုအမှုအခင်း မျိုးဖြစ်တယ်ဆိုတဲ့ အခင်းဖြစ်ပွားရတဲ့အကြောင်းရင်းကို သိနိုင်ဖို့ စိုက်ခင်းပိုင်ရှင်နဲ့ အနီး ၀န်းကျင်က လူတွေကို စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up