ရာပြည့်အထိမ်းအမှတ်

August 27, 2020

အမေရိကန်တွင် အမျိုးသမီးများ မဲပေးခွင့်ရသည့် ရာပြည့်အထိမ်းအမှတ် ကျင်းပ

အမေရိကန်နိုင်ငံမှာ အမျိုးသမီးတွေကို မဲပေးပိုင်ခွင့် ပေးအပ်တဲ့  အခြေခံဥပဒေပြင်ဆင်မှု  နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ်  သြဂုတ် ၂၆ ရက်က  အမေရိကန်အမျိုးသမီးတွေ အွန်လိုင်းက ဂုဏ်ပြုပွဲ ကျင်းပခဲ့ပါတယ်။  ဂုဏ်ပြုပွဲကို  ဖီလာဒဲဖီးယားမြို့ရှိ  ဒရက်ဇယ်တက္ကသိုလ်က ကြီးမှူးပြီး လွတ်လပ်ရေးခန်းမ မှာ “ဇွဲနပဲကို ဂုဏ်ပြုပွဲ” ဆိုတဲ့  အခမ်းအနားကို  ပြုလုပ်ခဲ့ပြီး အရွယ်မျိုးစုံ အမျိုးသမီးတွေက  မိန့်ခွန်း ပြောခဲ့ကြပါတယ်။  အခမ်းအနားတက်ရောက်သူတွေ များပြားပြီး အမျိုးသမီး မဲပေးပိုင်ခွင့်ရရေး ကြိုးပမ်းသူ ကတ်သရင်းရာရှင်ဘာဂါရဲ့ မြေးတူမ  တော်စပ်သူ အသက် ၈၇ နှစ်အရွယ်  ဆန်ဒီတက်ဒ်နောလည်း တက်ရောက်ခဲ့ပါတယ်။   အတော်များများက အွန်လိုင်းကနေ ပါဝင်ဆင်နွှဲကြပြီး ဒီဂုဏ်ပြုပွဲဟာ အမျိုးသမီးများ  တန်းတူညီမျှရေးနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။  အမေရိကန်အမျိုးသမီးတွေဟာ မဲပေးပိုင်ခွင့်ရရေး  ဆယ်စုနှစ်ချီ ကြိုးပမ်းခဲ့ပြီးနောက်  ၁၉၂၀ သြဂုတ် ၂၆ ရက်က အခြေခံဥပဒေပြင်ဆင်ချက် အမှတ် ၁၉ မှာ  အမျိုးသမီးမှာ မဲပေးပိုင်ခွင့်ကို တရားဝင်ဖော်ပြခဲ့ပါတယ်။  ဒါပေမဲ့ လူမည်း အမျိုးသား၊ အမျိုးသမီးတွေရဲ့  မဲပေးပိုင်ခွင့်ကိုတော့ ၁၉၆၅ ခုနှစ်မှ   အကာအကွယ် ပေးနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
1 year Ago
Up